5/26/2016

♪ USB phone charger များအသွင်ယူထားသည့် keystroke logger များကို ဂရုပြုကြရန် FBI သတိပေး ♫


Password များကို လျှို့ဝှက်စွာခိုးယူခြင်းနှင့် ကြိုးမဲ့ keyboard များထဲသို့ အချက်အလက်များ ထည့်သွင်းနိုင်သော အန္တရာယ်ရှိ keystroke logger များကို သတိထားကြရန် FBI အာဏာပိုင်များက ပုဂ္ဂလိကပိုင်လုပ်ငန်းများထံ သတိပေးထားသည်။

FBI ၏ ပုဂ္ဂလိကလုပ်ငန်းများသို့ သတိပေးချက်သည် ဧပြီလ ၂၉ ရက်ဟု ရက်စွဲတပ်ထားပြီး Whitehat (အားနည်းချက်များ ရှာဖွေပေးသည့် လုံခြုံကျွမ်းကျင်ပညာရှင်) ဟက်ကာဖြစ်သူ ဆမ်မီကမ်ကာက KeySweeper ဖြန့်ချိအပြီး ၁၅ လ အကြာတွင် အဆိုပါသတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုမှာ Microsoft အမှတ်တံဆိပ် ကြိုးမဲ့ keyboard များစွာမှ decrypt keystroke များ လျှို့ဝှက်စွာ ရယူနိုင်သော platform ဖြစ်ပြီး ဆယ်လူလာကွန်ရက်များမှ အချက်အလက်ကို ထုတ်လွှင့်နိုင်သည်။ ကမ်ကာသည် နေအိမ်နှင့် ရုံးများတွင် အတွေ့ရများသော USB phone charger ပုံစံအတိုင်း အချက်အလက်ခိုးယူနိုင်သော ထုတ်ကုန်ကို တည်ဆောက်ထားသည်။ ၎င်းတို့ကို ပစ်မှတ်ထားခံရသူကိုယ်တိုင်က တွေ့ရှိနိုင်သော အားနည်းချက်ရှိသည်။

“တစ်စုံတစ်ယောက်က ကြိုးမဲ့ထုတ်ကုန်သုံးတဲ့နေရာ သို့မဟုတ် ရုံးခန်းထဲမှာ အဲဒီထုတ်ကုန်ကို နေရာချထားရင် မသမာသူတစ်ယောက်က တစ်ကိုယ်ရေအချက်အလက်၊ ဉာဏဆိုင်ရာပစ္စည်းဥစ္စာတွေ၊ ကုန်သွယ်မှုလျှို့ဝှက်ချက်တွေ၊ password တွေ ဒါမှမဟုတ် အခြား အရေးကြီးအချက်အလက်တွေကို ရယူနိုင်ပါတယ်” ဟု FBI အာဏာပိုင်များက ပြောကြားခဲ့သည်။

FBI အနေဖြင့် KeySweeper အန္တရာယ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ထုတ်ပြန်ရန် အချိန်ကြာမြင့်နေခြင်း အကြောင်းကို မသိရသေးပေ။ အဆိုပါသတိပေးချက်တွင် ထိုအချက်အလက်များကို မဖော်နိုင်သော စုံစမ်းစစ်ဆေးမှုမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းအနေဖြင့် KeySweeper ကဲ့သို့ ထုတ်ကုန်များ အသုံးပြု၍ တိုက်ခိုက်မှုများသတင်းကို မကြားမိသေးသော်လည်း ဖြစ်နိုင်ခြေများစွာကို မငြင်းပယ်ကြောင်း Ars သို့ ကမ်ကာကပြောကြားခဲ့သည်။

Credit to == > Internet Journal

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com