5/24/2016

♪ “Xiaomi Mi Max” ♫


Xiaomi Mi Max ဟာ မျက်နှာပြင် ကျယ်ကျယ်ဖုန်းတွေကိုမှ အသုံးပြုချင်တဲ့ သူတွေအတွက် အလွန်သဘောကျ စေမယ့် အဆင့်မြင့် စမတ်ဖုန်းတစ်လုံး ပဲဖြစ်ပါတယ်။ HD Resolution အရည်အသွေးကို ပေးစွမ်းနိုင်တာကြောင့် ကြည်လင် ပြတ်သားတဲ့ ရုပ်ထွက်နဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို မျက်နှာပြင် ကျယ်ကျယ်ပေါ်မှာ အဆင်ပြေပြေ ကြည့်ရှုနိုင်မှာပါ။

GSM, HSPA, LTE Network တွေမှာ အသုံးပြုနိုင်ပြီး Nano SIM Card 2 Card ကိုထည့်သွင်း သုံးစွဲနိုင်ပါတယ်။ Display က IPS LCD Capacitive Touchscreen အမျိုး အစားဖြစ်ပြီး မျက်နှာပြင်အကျယ်က 6.44 inchesတောင်ရှိပါတယ်။ 1080×1920 pixels Resolution ရှိတဲ့ မြင်ကွင်းတွေကိုပြသပေးနိုင်ပြီး ၁လက်မ အတိုင်းအတာမှာတော့ 342 ppi pixel သိပ်သည်းဆကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ MIUI 8 နဲ့ Miltitouch စနစ်ကိုသုံးစွဲနိုင်ပြီး မျက်နှာပြင်ကို Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားတဲ့ အတွက် ဖုန်းပြုတ် ကျတဲ့အခါ အလွယ်တကူ ကွဲအက်ပျက်စီးမှုမျိုးမဖြစ်စေနိုင်ပါဘူး။

အနောက် ကင်မရာက 16 MP resolution အရည်အသွေးရှိတဲ့ ဓာတ်ပုံတွေကို ပေးစွမ်း နိုင်ပြီး ရှေ့ကင်မရာကတော့ 5MP Resolution ကို ထောက်ပံ့ပေးထား ပါတယ်။ Internal Memory 16 GB, RAM 2 GB နဲ့ Internal Memory 32 GB နဲ့ RAM 3GB ဆိုပြီး အမျိုးအစား နှစ်မျိုးကိုခွဲခြား ထုတ်လုပ်ပေးမှာဖြစ်ပါ တယ်။ ဒါ့အပြင် အမျိုးအစားနှစ်ခုစလုံးမှာ Micro SD Card ကို 200 GB အထိ ထပ်မံ စိုက်ထည့်သုံးနိုင် မှာပါ။ အထဲမှာ Non-removable Li-Po Battery အမျိုးအစားကိုပံ့ပိုးထားပြီး Fast Battery Charging စနစ်ကြောင့် မိနစ် ၃၀ အတွင်းမှာ ဘက်ထရီစွမ်းအား ၈၃% နှုန်းလောက်ကို ပြန်လည်ဖြည့်တင်းပေး နိုင်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
CPU - QC 1.4 GHz Cortex-A53 &
DC 1.8 GHz Cortex-A72
Memory - 16 GB, 32 GB (up to 200 GB)
OS - Android OS, v6.0 (Marshmallow)
Bluetooth - v4.2, A2DP, LE
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>