5/25/2016

♪ “Vivo V3 Max” ♫


အရည်အသွေးကောင်းမွန်သော ဟန်းဆက်များကို သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီးက ထုတ်လုပ်ပေးထားကြရာ သုံးစွဲသူများအနေဖြင့် ကြိုက်နှစ်သက် ရာ အဆင်ပြေရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အမှတ်တံဆိပ်များစွာထဲ ကမှ Vivo သည်လည်း ဟန်းဆက်ကောင်းများကို ထုတ်လုပ်ပေးထားပါ သေးတယ်။ ပြီးခဲ့သော ရက်ပိုင်းအတွင်းက V3 နဲ့ V3 Max ဟန်းဆက် များကို မိတ်ဆက်ပေးခဲ့ပါတယ်။

အထူးသီးသန့် ဖန်တီးထားသည့် Smart Amp နည်းပညာနှင့် အသံချဲ့ပေးသော အိမ်သုံးရုပ်ရှင်ရုံ အသံပိုင်းဆိုင်ရာ chip ပါဝင်တာကြောင့် Vivo ရဲ့ V3 နှင့် V3 Max ဟာ အသံအားကောင်းပြီး အလွန်ကြည်လင်ပြတ်သားသောအသံနှင့် ထူးခြားဆန်းကြယ်လှတဲ့ အသံပိုင်း ဆိုင်ရာ ပေးစွမ်းမှုများကို အပြည့်အ၀ ခံစားနိုင်မှာပါ။ 2.5D အချိုးကျတဲ့ ဖန်သားအရှေ့ကာဗာနဲ့ သေသပ်ပြီး လှပတဲ့ ဘေးဘောင်အကွေးပုံစံများ ကြောင့် V3 နှင့် V3 Max ဟာ အံ့သြဖွယ်ကောင်းတဲ့ ဖုန်းပုံစံများကို ပိုင်ဆိုင် ထားပါတယ်။

အလူမီနီယံသတ္ထုစပ် အနောက်ကာဗာကို ဂေါ်မိတ်ကျောက် တစ်မျိုးနဲ့ ဖုံးအုပ်ထားပြီး အရောင်မကျစေရန်နှင့် ပိုမိုခိုင်မာစေရန် Anodized သတ္ထုရောစပ်နည်းပညာ အသုံးပြု၍ ပြုလုပ်ထားသောကြောင့် ကိုင်တွယ် အသုံးပြုရာတွင် တင့်တယ်လှပပြီး ချောမွေ့သော အထိအတွေ့ ခံစားမှုမျိုးကို ခံစားရရှိနိုင်ပါတယ်။ V3 Max မှာ စွမ်းရည်မြင့် Battery အမြန် အားသွင်း နိုင်သော အားသွင်းနှုန်းနှစ်ဆမြှင့်စနစ်ပါဝင်တာကြောင့် အားသွင်းမှု ပိုမို မြန်ဆန်ပါတယ်။ (၅) မိနစ်အားသွင်းလိုက်ရုံဖြင့် (၂) နာရီကြာမြင့်စွာ ဂီတ သံစဉ်များကို နားဆင်နိုင်ပါတယ်။

ထို့အပြင် အသစ် ထပ်မံစီစဉ်ပေးထားသော စွမ်းအားချွေတာရေးစနစ်များ ကြောင့် သင့်ဖုန်းကို ဘာမှစိုးရိမ်စရာမလိုဘဲ စိတ်ချစွာဖြင့် ပိုမိုကြာရှည်သော Battery သက်တမ်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 8 MP ရှိတဲ့ အရှေ့ ကင်မရာမှာ အသံဖြင့်ဓာတ်ပုံရိုက်စနစ်၊ လက်ဝါးဖြင့်ဓာတ်ပုံရိုက်စနစ်နှင့် လက်ဗွေရာဖြင့် ဓာတ်ပုံရိုက်စနစ် စတဲ့ စိတ်ကျေနပ်စရာစနစ်များလည်း ပါရှိပါတယ်။ ဒါ့အပြင် အံ့သြဖွယ်ကောင်းလောက်အောင် ကောင်းမွန်တဲ့ 32 MP အရည်အသွေးအထိ ကြည်လင်ပြတ်သားမှုရှိတဲ့ Selfies ပုံများ ရရှိအောင် ပြင်ဆင်ပေးနိုင်သောစနစ် V3 Max မှာ ပါဝင်တာကြောင့် သင့်ရဲ့ Selfies ပုံများကို အကောင်းမွန်ဆုံး အရည်အသွေးနဲ့ ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။

YouTube မှ ဗီဒီယိုများကို ကြည့်နေစဉ်မှာ ၀င်လာသော message များကို တစ်ချိန်တည်း အသုံးပြုနိုင်ပါတယ်။ V3 Max ရဲ့ Smart Split နည်းပညာဟာ ပြည့်စုံမှုရှိပါတယ်။ အချက်ပြပုံစံလေးကို တစ်ချက်နှိပ်လိုက်ရုံဖြင့် ဖုန်း မျက်နှာပြင်တွင် နှစ်ခုစလုံးကို ပိုင်းခြားပြီးဖော်ပြပေးမှာဖြစ်လို့ နည်းပညာ ခေတ်ကြီး ထဲမှာ သင့်အား တစ်ချိန်တည်းမှာ တစ်ခုထက်ပိုပြီး အသုံးပြုနိုင်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Octa Core 1.8 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.1
Storage - 32 GB
OS - Android OS, v5.1
Contact - 09-421744111
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com