5/21/2016

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှငွေဖြည့်လျှင် ကျပ် ၂ သန်းအထိရရှိနိုင်မည့်အစီအစဉ်စတင်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က သုံးစွဲသူပေါင်း သန်းနှစ်ဆယ်ပြည့် အထိမ်းအမှတ် အနေဖြင့် ငွေဖြည့်ပမာဏ ကျပ် ၂ သန်း အထိရနိုင်မည့် ကံစမ်းအစီအစဉ်ကို MPTသုံးစွဲသူများအားလုံး ပါဝင်နိုင်စေ ရန် စီစဉ်ပေးလိုက်ကြောင်းသိရသည်။

မေလ ၂၀ ရက် မှ ဇွန်လ ၂ ရက်အတွင်း 2222 သို့ 20 ဟုရိုက်နှိပ်ပြီး SMS ပို့ ၍ ကံစမ်းနိုင်မည်ဖြစ်ကာ မည်သူမဆို ကံထူးရယူနိုင်မည်ဖြစ်သည်။
လက်ဆောင်ရရှိသော ငွေဖြည့်ပမာဏများကို ဇွန်လ ၂ရက်နောက်ပိုင်းတွင် ဖုန်းနံပါတ်တစ်ခုချင်းသို့ ဖြည့်သွင်းပေးသွားမှာဖြစ်ပြီး ငွေဖြည့်ပြီးချိန်တွင်စာတိုပေးပို့ပြီး အတည်ပြုပေးသွားမည်ဖြစ်သည်။ 


ဆုလက်ဆောင် အရေ အတွက်နှင့် အသုံးပြုနိုင်မည့်ပုံစံ၊ သက်တမ်းတို့ကို MPT၏၀က်ဘ်ဆိုဒ်လင့်ခ် http://bit.ly/1QNyA8m မှာအသေးစိတ် ၀င်ရောက်လေ့လာနိုင်ပါသည်။

(ရန်ကုန်။ ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ယခုအခါ သုံးစွဲသူပေါင်း သန်း ၂၀ ရှိပြီဖြစ်ပြီး ၄င်း အောင်မြင်မှုအတွက် သုံးစွဲသူတစ်ဦးချင်းစီအား ကျေးဇူးတုံ့ပြန်သောအားဖြင့် MPT သုံးစွဲသူအားလုံး အတွက် ကံစမ်းမဲအစီအစဉ်တစ်ခုကို စတင်တော့မှာဖြစ်ပါသည်။ မေလ ၂၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အတွင်း ပြုလုပ်မည့် ထိုကံစမ်းမဲအစီအစဉ်ကို ပါဝင်သူတိုင်းသည် ငွေကျပ် ၂ သန်းဖိုး နှင့်ညီမျှသော ဖုန်းငွေဖြည့်ပေးခြင်းကို  ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဤကံစမ်းမဲအစီအစဉ်သည် MPT သုံးစွဲသူ မိဘပြည်သူ သန်း၂၀အတွက် “မိသားစု”ဆန်သော အောင်ပွဲခံခြင်းအထိမ်းအမှတ်ဖြစ်ပြီး သုံးစွဲသူတိုင်းက ကံထူးခွင့်ရရှိနိုင်မည့် အခွင့်အရေးလည်းဖြစ်သည်။ MPT ၏ ကြိုတင်ငွေချေစနစ်သုံးနှင့် ကျသင့်ငွေချေစနစ်သုံး GSM/WCDMA/CDMA သုံးစွဲသူတိုင်း အတွက် အကျုံးဝင်ပြီး SMS နံပါတ် ၂၂၂၂ သို့ “20”ဟု စာတိုပေးပို့လိုက်ရုံဖြင့် ဖုန်းငွေဖြည့်ပေးခြင်းကို ဆွတ်ခူးနိုင်မည့်ကံစမ်းမဲအစီအစဉ်သို့ ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ (အဝင်ဖုန်းခေါ်ဆိုမှု ပိတ်ခံထားရသော၊ သို့မဟုတ် အဝင်/အထွက် ဖုန်းခေါ်ဆိုမှုများ ပိတ်ခံထားရသော SIM ကတ်များလည်း ယခုကံစမ်းမဲအစီအစဉ်တွင်  ပါဝင်နိုင်ရန် ငွေပြန်ဖြည့်၍  ပါဝင်နိုင်မည်ဖြစ်သည်)။

အခမဲ့ရရှိမည့် ဖုန်းလက်ကျန်ငွေသက်တမ်းများမှာ- 

ဆုကြေးများ သက်တမ်း ဆုအရေအတွက်
ကျပ် ၂,၀၀၀,၀၀၀ (MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁၀ သိန်းနှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁၀ သိန်း) ၅ နှစ် ၂၀
ကျပ် ၂၀၀,၀၀၀(MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁ သိန်းနှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁ သိန်း) ရက်ပေါင်း ၃၆၀ ၂၀၀
ကျပ် ၂၀,၀၀၀(MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁ သောင်းနှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁ သောင်း) ရက်ပေါင်း ၆၀ ၂,၀၀၀
ကျပ် ၂,၀၀၀ (MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁ ထောင်နှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁ ထောင်) ၁၀ ရက် ၂၀၀,၀၀၀
ကျပ် ၂၀၀ (MPT အချင်းချင်းဖုန်းခေါ်ဆိုမှုနှင့် ဖုန်းအင်တာနက်သုံးစွဲရန်) ၅ ရက် အခြားစာတိုပေးပို့ကံစမ်းသူများ


Credit to ==> Myanmar Digital Life Journal

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>