5/24/2016

♪ “ကိုယ်ရေးကိုယ်တာဖိုင်များကို လုံခြုံစွာဖုံးကွယ်ထားနိုင်စေမည့် နည်းလမ်းများ” ♫


ကျွန်တော်တို့ကွန်ပျူတာသုံးစွဲတဲ့အခါ မိမိတို့အနေဖြင့်အခြားသူ မတွေ့ မမြင်စေချင်တဲ့ဖိုင်တွေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ စာရင်းဇယား စတဲ့ အရေးကြီးတဲ့အရာတွေများစွာရှိမှာပါ။ ဒီဆောင်းပါးမှာတော့ သင့်ပီစီပေါ် မှာရှိနေသော ကိုယ်ပိုင် ဓာတ်ပုံများနဲ့ စာရွက်စာတမ်းများကို ကိုယ့်ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ ရှာဖွေလို့မရနိုင်အောင်ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို လက်လှမ်းမီသမျှ ရှာဖွေစုစည်းပေးမှာဖြစ်ပါ တယ်။ မိမိတို့ရဲ့ကွန်ပျူတာကို မျှဝေသုံးစွဲလေ့ရှိတဲ့လုပ်ငန်းခွင်တွေ မှာပဲ ဖြစ်ဖြစ်၊ မတော်တဆမိမိတို့ ကွန်ပျူတာခိုးယူခံရတာမျိုး၊ အခြားသူ တစ်ယောက်ကို ငှားရမ်းသုံးစွဲတာမျိုး အခြေအနေတွေမှာ ဒီနည်းလမ်းတွေက အသုံးတည့်စေမှာပဲဖြစ်ပါတယ်။ ယင်းကဲ့သို့ လုပ်ဆောင်ဖို့ဆော့ဝဲတွေရှိ နေပြီး သင့်ရဲ့ကောင်းမွန်စွာဖုံးကွယ် ထားရမယ့်လျှို့ဝှက်ဖိုင်တွေကို encrypt လုပ်ခြင်းအားဖြင့် အကောင်းဆုံးဖုံးကွယ်ထားပေးနိုင်မှာပါ။ အဆိုပါ tools များကို ဖော်ပြ ပေးမှာဖြစ်ပြီး အားလုံးက free တွေပါ။

<သင့်ရဲ့ ကိုယ်ရေးဖိုင်များကို password နှစ်ခါပိတ်၍ ကာကွယ်ထားခြင်း>
Wise Folder Hider(www.snipca.com/12846) က WiseCare 365 (www.snipca.com/12841) ထုတ်လုပ်သူ ကနေပဲထုတ်လုပ်ထားတာဖြစ်ပြီး သင့်ပီစီမှာရှိသော မည်သည့် file သို့မဟုတ် folder ကိုမဆို right click လုပ်ကာ ရိုးရှင်းသော Hide option ကို ထည့်သွင်းပေးထားပါတယ်။ USB stick ထဲမှ contents တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ သင့်အနေဖြင့် ပရိုဂရမ်များကိုလည်း password ခံထားနိုင်သလို ဖိုင်များကိုလည်း password ခံထားနိုင်မှာဖြစ်ပါတယ်။ အခြားသူများလုံးဝမမြင် ရနိုင်စေရန် password ကိုနှစ်ဆင့်ခံထားနိုင်မှာလည်း ဖြစ်ပါတယ်။Wise Folder Hider က ရိုးရှင်းပြီး စွမ်းဆောင်ရည်မြင့်ကာ လုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့် သူ့ကို install ရတာဟာ အန္တရာယ်တော့များပါတယ်။ အထက်ပါ link များကို နှိပ်လိုက်တဲ့အခါမြင်တွေ့ရမယ့် အစိမ်းရောင် Download Now ခလုတ်ကို နှိပ်လိုက်တဲ့အခါသင့်အနေဖြင့် အခြားသောအစိမ်းရောင် Download Now ခလုတ်ရှိတဲ့နေရာကို ရောက်သွားမှာဖြစ်ပါတယ်။ (အခြားသောခလုတ်တွေ က ကြော်ငြာတွေဖြစ်ပါတယ်)။ သင့်အနေဖြင့် Step 2 နဲ့ 3 မှာ adware များကိုရှောင်ရှားနိုင်ရန်မီးခိုး ရောင် Decline ခလုတ်ကိုနှိပ်ရမှာဖြစ်ပါတယ်။ Step 5 မှာတော့ Install Now ကို နှိပ်ရမှာဖြစ်ပါတယ်။ နောက်လာမယ့် box မှာ တော့ Install ကိုနှိပ်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ login password နှင့် confirm password ကို ရိုက်ထည့်မှာ ဖြစ်ပါ တယ်။

<ဓာတ်ပုံများအတွင်းမှာ စာရွက်စာတမ်းများကိုလျှို့ဝှက်စွာ Lock ချထားခြင်း>
Steganography ဆိုသည်မှာ data အချက်အလက်များကို အခြားသော data များထဲမှာလျှို့ဝှက်စွာသိမ်းဆည်းထား သည့် လုပ်ငန်းစဉ်ကို ခေါ်ဆို ခြင်းဖြစ်သည်။ ဂရိသမိုင်းပညာရှင် Herodotus, ကွန်ပျူတာ ရှေ့ဆောင် တီထွင်သူ Charles Babbage နှင့် Bletchley Park တို့က ဒီနည်းစနစ်ကို သုံးစွဲခဲ့ပြီး information များကို encrypt လုပ်တာ၊ hide လုပ်တာ၊ decrypt လုပ်တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။ Open-source ပရိုဂရမ်တစ်ခုဖြစ်တဲ့ OpenStego(www.openstego.info) ဟာ အဆိုပါ စိတ်ကူးကိုအတုယူပြီး စာသားများကို ဓာတ်ပုံများအတွင်း ထည့်သွင်းကာ hide လုပ်ထားနိုင်စေရန် ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ က အခြားသောဓာတ်ပုံများနဲ့ပုံစံတူညီသော် လည်း သင့်အနေဖြင့် Open-Stego မှာ ဖွင့်ပြီးသင့်ရဲ့ password ကို ရိုက်ထည့်လိုက် လျှင် သင် lock ချပြီး လျှို့ဝှက်ထည့်သွင်းထားသော စာသားများနဲ့အထဲမှာ hidden ဖြစ်နေတာတွေ ထွက်ပေါ်လာစေမှာ ဖြစ်ပါတယ်။

အခြားသော stegannography trick တစ်ခုကတော့ document တစ်ခု ကိုယူပြီး hide လုပ်ထားနိုင်စေဖို့(OpenStego ကတော့ အဲဒါကို Message File ဟုခေါ်ဆိုပေမယ့် မည်သည့် text ဖိုင်မဆိုဖြစ်နိုင်ပါတယ်)၊ Cover File တစ်ခုကိုယူပြီး (ဓာတ်ပုံတစ်ခုဖြစ်နိုင်ပါတယ်) password တစ်ခုကိုရွေးချယ် ကာ Hide Data ကို နှိပ်လိုက်ရမှာဖြစ်ပါတယ်။ အဲဒီအခါ အလို အလျောက် encrypt လုပ်သွားပြီး သင့်ရဲ့ documents များကို သင့်ရဲ့ Cover File ထဲသို့ကော်ပီကူးသွားမှာဖြစ်ပါတယ်။ သိပ်ပြီး ကွဲပြားခြားနားတဲ့ပုံနဲ့မြင်ရ မှာမဟုတ်ပါဘူး။ နဂိုမူလ document ဟာ သူ့ရဲ့ မူလနေရာမှာပဲ သင်မဖျက် မချင်းရှိနေမှာဖြစ်ပါတယ်။OpenStego ကိုလွယ်ကူလျင်မြန်စွာ install နိုင်ပြီး မည်သည့် crap-ware များမှထည့်သွင်းဖို့ကြိုးစားမှာမဟုတ်ပါဘူး။ သို့သော် လည်း run ဖို့အတွက် Java လိုအပ်မှာဖြစ်ပါတယ်။ Java ဟာ သူကိုယ်တိုင် တော့ အန္တရာယ်မရှိပေမယ့် ဟက်ကာများ ရဲ့ နာမည်ကျော်အဓိက ပစ်မှတ် တစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် အမြဲတမ်း update လုပ်ဖို့လိုအပ်မှာဖြစ်ပါ တယ်။အကယ်၍ သင့်မှာ Java မရှိခဲ့လျှင် install ရန်အတွက် (www.java.com) ကိုသွားပြီး download ချကာ setup လုပ်နေစဉ်မှာ ‘Install the Search App’ အမှန်ခြစ်ဖြုတ်ပါ။ အခြားသော steganography ပရိုဂရမ် များစွာရှိပေမယ့် Java အပေါ်မမှီခိုပါဘူး။ သို့သော်သူတို့က တစ်စု တစ်စည်းတည်းလာကြပါတယ်။ Quick Stego(www.snipca. com/12883) ဟာ အင်မတန်ကောင်းမွန်ပြီး ဓာတ်ပုံများ အတွင်းမှာ ဓာတ်ပုံများကို ဖုံးကွယ် ထားနိုင်မှာဖြစ်ပေမယ့် OpenStego လိုတော့ hidden လုပ်ထားတဲ့ဖိုင်တွေကို encrypt လုပ်မှာတော့မဟုတ်ပါဘူး။

ကျွန်တော်တို့အနေနဲ့ Our-Secret(www.snipca.com/12877) ကိုလည်း သုံးကြည့်ပါတယ်။ သူ့ရဲ့ website နဲ့ reviews တွေက ယုံကြည်မှုရရှိ လောက်အောင် ကောင်းမွန်ပေမယ့် Chrome ကတော့ malware တစ်ခု အဖြစ် ပိတ်ထားပါတယ်။ ဒါဟာ အနှုတ်သဘောဆောင်တဲ့ လက္ခဏာ တစ်ခုပဲဖြစ်လို့ ကျွန်တော်တို့အနေနဲ့ သေချာအောင်မသိသ၍တော့ ရှောင်ရှားဖို့ဆုံးဖြတ်ထားပါတယ်။ WinTrezur(www.snipca.com/12838) ဟာ steganography အဖြစ်လုပ်ဆောင်ပေးနိုင်ရုံသာမက ဓာတ်ပုံများကို လည်း password များထည့်သွင်းပေးထားနိုင်မှာဖြစ်ပါတယ်။ Portable ဗားရှင်းကို USB stick ထဲသို့ ထည့်သွင်းကာ offline storage အတွက် အသုံးပြုနိုင်ရန် သင့်ရဲ့ကွန်ပျူတာအဟောင်းထဲကဖိုင်တွေကို ဖျောက်ထား နိုင်စေမှာဖြစ်ပါတယ်။

<သင့်ရဲ့ဖိုင်များကို လုံးဝဖျက်ပစ်ခြင်း>
Recycle Bin ထဲမှာရှိတဲ့ဖိုင်တွေကို ဖျက်ပစ်တဲ့အခါ အဆိုပါဖိုင်များ လုံးဝ ကွယ်ပျောက်ကုန်တယ်လို့ သင်ကထင်မှာပါ။ သို့သော်လည်း အဆိုပါ ဘာမှ မရှိတော့တဲ့ဖိုင်တွေကို ပြန်လည် ဆယ်ယူလို့ရနိုင်နေပါသေးတယ်။ ဖြစ်စဉ် တစ်ခုနဲ့ဥပမာပြုကြည့် ပါစို့။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ရဲ့ ကွန်ပျူတာမှာ recovery software တစ်ခုခုဖြစ်တဲ့ Recuva (www.piriform. com/recuva) လိုမျိုးဆော့ဝဲတွေကိုသုံးစွဲပြီးမတော်တဆဖျက်ပစ် မိတဲ့ ဓာတ်ပုံတွေကိုပြန်လည်ဆယ်ယူနိုင်မှာပါ။ သူတို့က Recuva ကို run လိုက်တဲ့ အခါ recover ပြန်လုပ်လို့ရနိုင်မယ့် thumbnails ပုံကလေးတွေရဲ့ list ပေါ်လာမှာဖြစ်ပြီး အဲဒီထဲမှာ ဓာတ်ပုံများ နဲ့ သင်ဖျက်ပစ်ဖို့သင့်တယ်လို့ တွေးထင်ယုံကြည်ရတဲ့ sensitive ဖြစ်တဲ့အရာတွေလည်း ပါဝင်ပါတယ်။ အဲဒါတွေထဲမှာ သင်ဖျက်ပစ်လိုက်သော emails များ၊ လက်ခံရရှိထား သောအရာများနဲ့ browser history များ၊ ဓာတ်ပုံများနဲ့ doucuments တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
Wise Care 365 ကတော့ File Shredder tool တစ်ခုဖြစ်ပြီး သင်ဖျက်ပစ် လိုက်တဲ့ဖိုင်တွေကို လုံးဝဖျက်ပစ်မှာဖြစ်ပြီး အခြားသောပရိုဂရမ်တွေဖြစ်တဲ့ Rescuva လိုမျိုးပရိုဂရမ်တွေဖတ်လို့မရနိုင်တော့အောင် လုပ်ဆောင်ပေး မှာဖြစ်ပါတယ်။ အကယ်၍သင့်အနေဖြင့် install လုပ်စရာမလိုတဲ့ portable ဗားရှင်းကိုအသုံးပြုချင်တယ်ဆိုလျှင် IObit Uninstaller (www. snipca. com/12840) ကို download ချပါ။ ဗားရှင်းအသစ်မှာ File Shredder တစ်ခုပါဝင်ပြီး သင့်ကိုခြေရာခံလို့မရနိုင်အောင် ပြန်လည်ဆည်ယူခြင်းမှ ကာကွယ်တားဆီးပေးနိုင်ဖို့ files တွေ၊ folders တွေနဲ့ သူတို့ရဲ့ traces တွေကို overwrite လုပ်ပေးမှာ ဖြစ်ပါတယ်။ Menu icon ကိုနှိပ်ပြီး File Shredder ကိုနှိပ်ပါ။ သင်လုံးဝဖျက်ပစ်ချင်တဲ့ file သို့မဟုတ် folder ကိုရွေးပြီး Shred ကိုနှိပ်ပါ။ IObit Uninstaller ရဲ့ ကော်ပီတစ်ခုကို USB stick တစ်ခုပေါ်မှာ တင်ပြီး sensitive files တွေရှိတဲ့ကွန်ပျူတာမှာ run နိုင်ပါတယ်။ သင် ရောင်းချ မယ့်ပီစီ သို့မဟုတ် သင့်သူငယ်ချင်း၊ မိသားစုတွေကိုပေးတော့မယ့် ပီစီများမှာလည်းလုပ်ဆောင်နိုင်ပါတယ်။

<သင့်ရဲ့ Folder များကို အပိုဆော့ဝဲများမသုံးဘဲLock ချထားခြင်း>
Windows 8.1/10 မှာ သင့်ရဲ့ကိုယ်ရေးကိုယ်တာဖိုင်တွေကို access မလုပ်နိုင်စေရန် lock ချထားနိုင်မယ့် built-in options ပါဝင်ပါတယ်။ ပထမတစ်ခုကတော့ ရိုးရှင်းပြီး File Explorer ထဲကနေ အခြားသူများက file တစ်ခုခုသို့မဟုတ် folder တစ်ခုခုကိုမဖွင့်နိုင်စေရန် right-click နှိပ်ပြီး 'Stop sharing' option ကိုရွေးချယ်နိုင်မှာပါ။ ဒါပေမယ့်လည်း ဒါကလွယ်လင့်တကူ ၀င်ရောက်စေနိုင်မှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က အခြားသော administrator account တစ်ခုနဲ့ log in ၀င်ပြီး folder ကိုဖွင့်ကာ Continue ကိုနှိပ်လိုက်လျှင် warning ပေးတဲ့ pop-up ပေါ်လာမှာဖြစ်ပါတယ်။ သင့်ရဲ့ folder တွေကို လုံခြုံစွာထား နိုင်ဖို့ အခြားသောကောင်းမွန်တဲ့နည်းတစ်ခု ကတော့အဆိုပါ folder ကို right-click နှိပ်ပြီး Properties ကိုနှိပ်ကာ Security tab သို့သွားပါ။ Account တစ်ခုခု သို့မဟုတ် သင် block ချင်တဲ့ လူများရဲ့ accounts တွေကိုရွေးချယ်ပြီး Edit ကိုနှိပ်ပါ။ ထို့နောက် 'Full control' ဘေးမှ next ကို နှိပ်ပါ။ Apply ကို နှိပ်ပြီး OK ကိုနှိပ်လိုက်ပါ။ အဲဒီအခါ folder ကို access လုပ်လို့မရနိုင်အောင် blocks လုပ်ထား မှာဖြစ်ပြီး content တွေအားလုံး ကို လုံခြုံစိတ်ချစွာ ကာကွယ်ထားနိုင် မှာဖြစ်ပါတယ်။ ပြဿနာတစ်ခုကတော့ လူတိုင်းက အဆိုပါ folder ကို မြင်နိုင်နေသေးပြီး စပ်စုနိုင်ကြပါသေးတယ်။ ကံကောင်းတာက သင့်ရဲ့ lock ချထားသော folder ကိုလွယ်လင့်တကူ hide လုပ်ထားနိုင်မှာဖြစ်ပါတယ်။ အဲဒါက Windows 7 မှာရော 8.1/10 မှာပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Properties ကိုထပ်နှိပ်ပြီး General tab သို့သွားပါ။ Hidden ကို အမှန်ခြစ်ပါ။ ယင်းကို un-hide ပြန်လုပ်ရန် View သို့သွားပြီး Options ထဲမှ ‘Show/hide’ (Windows 8.1/10) သို့မဟုတ် Oragnize, ‘Folder and Search Options’, View, ‘Show hidden files and folders’ (Windows 7) ကိုနှိပ်ပါ။ သင့်ရဲ့ hidden ဖြစ်နေတဲ့ folder တွေကိုဖော်ပြတဲ့အခါ Windows က default အနေနဲ့ သင်က မတော်တဆမဖျက်ပစ်နိုင်စေရန် hide လုပ်ထားတဲ့ folders နဲ့ files တွေကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>