5/26/2016

♪ ထွက်ရှိတော့မယ့် Xperia E5 ရဲ့ပုံကို Facebook ပေါ်မှာ မတော်တဆတင်မိတဲ့ Sony ♫


Sony ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူတို့ရဲ့နောက်ထွက်လာမယ့် စမတ်ဖုန်းဟာ Xperia E5 ဖြစ်တယ်ဆိုတာကို Facebook ပေါ်မှာ Post တစ်ခုတင်ရင်း အတည်ပြုသွားခဲ့ပါတယ်။ Facebook မှာမတော်တဆတင်မိတဲ့ အဲ့ဒီ Post ကို Sony ဟာ တင်ပြီးနှစ်နာရီအကြာမှာ ဖျက်ပစ်ခဲ့ပေမယ့် Sony အနေနဲ့ Xperia E5 ကိုထုတ်လုပ်တော့မှာပဲဖြစ်တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြတာပါ။

Facebook Post မှာ Sony ဟာ “စိတ်အားထက်သန်မှု၊ သက်သောင့်သက်သာဖြစ်မှု နဲ့ မျက်လုံးထဲမှာအဆင်ပြေစေမှု အဲ့ဒါတွေအားလုံးဟာ စမတ်ဖုန်းတစ်လုံးမှာ ရှိသင့်တာတွေပါပဲ။” ဆိုပြီး Post မှာ ဖော်ပြခဲ့တာပါ။

Sony Xperia E5 ကိုတခြားအချက်အလက်အသေးစိတ်ကို Sony အနေနဲ့ ထုတ်ပြန်ခြင်းမရှိခဲ့ပေမယ့် သတင်းတွေမှာ ဖော်ပြချက်တွေအရတော့ အလယ်အလတ်တန်းစား အဆင့်စမတ်ဖုန်းဖြစ်လာလိမ့်မယ်လို့ ဖော်ပြခဲ့ကြတာပါ။ မျက်နှာပြင်အကျယ် ၄.၆လက်မ HD မျက်နှာပြင်၊ MediaTek MT6735 Processor၊ 1.5GB ရှိတဲ့ RAM နဲ့ 16GB ရှိတဲ့ inbuilt storage တို့ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

အရင်ထွက်ရှိခဲ့တဲ့ Sony Xperia E4 ဟာ Android 4.4.4 KitKat နဲ့အလုပ်လုပ်တာဖြစ်ပြီး လုပ်ဆောင်ချက်တွေအနေနဲ့ ၅လက်မ IPS LCD မျက်နှာပြင်နဲ့ qHD (540×960 pixel) မျက်နှာပြင်နဲ့ 1.3GHz quad-core MediaTek MT6582 Processor နဲ့ 1GB RAM တို့ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 8GB ရှိတဲ့ inbuild storage ကို SD ကတ်ထပ်မံစိုက်နိုင်မှာဖြစ်ပြီး 5MP ကျောဘက်ကင်မရာ 2MP ရှေ့ကင်မရာနဲ့  2300mAh ဘက်ထရီတို့ ပါဝင်ခဲ့တာပါ။


Credit to ==> Digital Times

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com