5/24/2016

♪ “Google Translate ကိုဖုန်းမှာနေရာတိုင်းကသုံးနိုင်ပြီ” ♫


Android Phone များမှာ Google Translate ဟာပိုမို အသုံးဝင်လာပါပြီ။ သူ့မှာ “ Tap to Translate” စွမ်းဆောင်ချက်အသစ်တစ်ခုပါလာပါတယ်။ အခြား App များကိုသုံးနေတဲ့ အချိန်မှာဘာသာပြန်ချင်တဲ့ စကားလုံးကို ဖိထားလိုက်တာနဲ့ Google Translate က Pop Up Window တစ်ခုနဲ့ ဘာသာပြန် ပြသပေးမှာ ဖြစ်ပါတယ်။

Facebook Messenger Chat Head လိုစကရင်ပေါ်မှာပေါလောပေါ်နေတဲ့ ၀င်းဒိုးနဲ့ ပြသပေး တာဖြစ်ပါတယ်။ Google Translate က သင့်ဖုန်း Clipboard ထဲမှ စာသားအားလုံးကို ဘာသာပြန်ပေးနိုင်ပါတယ်။ လက်နဲ့ ဖိပြီး Select လုပ်လိုက်တဲ့ စာသား အားလုံးကိုဆိုလိုတာပါ။ Pop Up Window ကနေသင်သိချင်တဲ့ ဘာသာ စကားကိုရွေးချယ်နိုင်ပါတယ်။

ဒါ့အပြင် Word Lens စွမ်းဆောင်ချက်မှာ တရုတ်ဘာသာစကားကိုထောက်ပံ့လာပါတယ်။ ဖုန်းကင်မရာကနေ လမ်းညွှန် ဆိုင်းဘုတ်လိုအရာများကိုချိန်ရွယ်လိုက်ရင် ဘာသာပြန်ပေးတာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>