5/24/2016

♪ မြန်မာငွေ တစ်သိန်းခန့်နဲ့ ထွက်ရှိလာတဲ့ 4G နှစ်ကတ်သုံး၊ လက်ဗွေရာဆန်ဆာပါ Intex Aqua Secure စမတ်ဖုန်း ♫


မြန်မာနိုင်ငံမှာ နာမည်ရစပြုလာတဲ့ အိန္ဒိယအခြေစိုက်စမတ်ဖုန်းကုမ္ပဏီ Intex ရဲ့ တန်ဖိုးနည်းစမတ်ဖုန်းအသစ် ထွက်ရှိလာပါပြီ။

Intex Aqua Secure စမတ်ဖုန်းဟာ ဈေးနှုန်းအားဖြင့်၊ ရူပီး ၆၄၉၉ ( မြန်မာငွေ တစ်သိန်းတစ်သောင်းခန့်) သာရှိပြီး၊ အိန္ဒိယနိုင်ငံအတွင်းက လက်လီစတိုးတွေနဲ့၊ အွန်လိုင်းဝက်ဘ်ဆိုဒ်မှာ မကြာမီဝယ်ယူရရှိနိုင်မှာပါ။
Intex စမတ်ဖုန်းတွေထဲမှာ ပထမဆုံး လက်ဗွေရာဆန်ဆာပါဝင်လာတဲ့ စမတ်ဖုန်းဖြစ်ပြီး၊ ကျောဘက်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။

Aqua Secure ဖုန်းရဲ့ ထူးခြားချက်ကတော့ SIM နှစ်ကတ်လုံးကို 4G အသုံးပြုနိုင်ပြီး၊ တစ်ကတ် 4G သုံးထားစဉ်မှာတော့ တခြား တစ်ကတ်က 3G/2G ပဲသုံးနိုင်မှာပါ။

မျက်နှာပြင်အကျယ်က ၄.၅ လက်မရှိပြီး၊ resolution က 480×854 pixels ရှိပါတယ်။ SoC အနေနဲ့ 1GHz quad-core MediaTek MT6735M ကို အသုံးပြုထားပြီး၊ RAM 1GB နဲ့ ဖုန်းတွင်း storage 8GB ပါဝင်ပါတယ်။ Storage ပမာဏက အများကြီး မဟုတ်ပေမယ့်၊ တန်ဖိုးနည်းစမတ်ဖုန်းတွေထဲမှာတော့ မဆိုးဘူးလို့ ဆိုရမှာပါ။ Android စနစ်ကတော့ Android 5.1 Lollipop ဖြစ်ပါတယ်။

autofocus ပါ 5-megapixel ကျောကင်မရာနဲ့ဖြစ်ပြီး၊ LED ဖလက်ရှ်မီးနှစ်လုံး ပါရှိပါတာယ်။ ရှေ့ကင်မရာ ကတော့ 2-megapixel ကင်မရာပါ။ 1900mAh ဘက်ထရီပါဝင်ပြီး၊ ဖြုတ်တပ်နိုင်ပါတယ်။

Intex Aqua Secure စမတ်ဖုန်းကို ရွှေရောင်နဲ့ မီးခိုးရောင်ဆိုပြီး အရောင်နှစ်မျိုးရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်ကာ၊ အိန္ဒိယနိုင်ငံတွင်း လက်လီစတိုးတွေနဲ့၊ အွန်လိုင်းအရောင်းဝက်ဘ်ဆိုဒ်တွေမှာ မကြာခင်ဝယ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>