5/24/2016

♪ Google Play ရဲ့ အကောင်းဆုံးဂိမ်းဆုကို Clash Royale ဂိမ်းရရှိ ♫


Google ဟာ လွန်ခဲ့တဲ့တစ်ပတ်က ပြုလုပ်သွားတဲ့ နှစ်စဉ် developer ညီလာခံမှာ Google သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနေနဲ့ Google Play Awards ဆုတွေကို ချီးမြှင့်သွားခဲ့ပါတယ်။
ဆန်ကာတင်စာရင်းမှာ Apps ၅၀ ပါဝင်ခဲ့ပြီး၊ ထိုထဲကမှ အကောင်းဆုံး Google Play Apps ၁၀ ခုကို Google ကုမ္ပဏီက ကျွမ်းကျင်ဝန်ထမ်းတွေက ပြန်လည်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

ထွက်ရှိပြီးသား Apps တွေရဲ့ ကွာလတီ၊ ဆန်းသစ်တီထွင်နိုင်မှု နဲ့ တစ်နှစ်အတွင်းမှာ Apps ကို update လုပ်ပေးခဲ့လားဆိုတာကို အဓိကထား ဆုပေးခဲ့တာဖြစ်ပြီး၊ puzzle ဂိမ်းတွေ အများဆုံးပါ ၀င်တာကို တွေ့ရပါတယ်။

အကောင်းဆုံး Game Apps ဆုကိုတော့ Supercell ရဲ့ ဂိမ်းအသစ် Clash Royale က ရရှိသွားခဲ့ပါတယ်။ Clash Royale ဂိမ်းဟာ real-time strategy ကတ်ဂိမ်းအမျိုးအစားဖြစ်ပြီး၊ CoC က ဂိမ်းဇာတ်ကောင်တွေအပြင်၊ ဇာတ်ကောင်အသစ်တွေပါ ပါဝင်ပါတယ်။

အကောင်းဆုံး Apps ဆုကိုတော့ အိမ်တွင်းမှုဒီဇိုင်းအလှဆင်တဲ့ “Houzz” app က ရရှိသွားခဲ့ပါတယ်။ “Houzz” apps မှာ မိမိအကောင့်ထဲကို ကိုယ့်စိတ်ကြိုက် အိမ်တွင်းဒီဇိုင်းတွေ၊ ဓာတ်ပုံတွေကို သိမ်းထားလို့ရသလို၊ ပြန်လည်ဝေမျှလို့လည်း ရပါတယ်။ ဒီ့အပြင် ရိုက်ပြီးသားဓာတ်ပုံတွေကိုလည်း ဒီဇိုင်းစိတ်ကြိုက် ပြင်ဆွဲနိုင်တာကြောင့် အိမ်တွင်းမှုအလှဆင်သမားတွေအတွက် တကယ်အကြိုက်တွေ့ခဲ့တဲ့ apps ပါ။

အကောင်းဆုံးဆုစာရင်းအပြည့်အစုံကတော့ အောက်ပါအတိုင်းပါ။
Best App: Houzz
Best Early Adopter: World Around Me
Best Families App: Thinkrolls 2
Best Go Global: Pokemon Shuffle Mobile
Best Game: Clash Royale
Most Innovative: NYT VR
Best Use of Material Design: Robinhood
Best Standout Indie: Alphabear
Best Use of Google Play Game Services: Table Tennis Touch
Best Standout Startup: Hopper

Credit to ==> Digital Times

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>