5/23/2016

♪ “Meizu Pro 6 မော်ဒယ်အသစ် လာမည်” ♫


တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Meizu က Helio X25 Chipset ထည့်သွင်း ထားတဲ့ Meizu Pro 6 ကို ပြီးခဲ့တဲ့ လက မိတ်ဆက်ခဲ့ပါတယ်။

Exynos 8890 Chipset ထည့်သွင်းထားတဲ့ Meizu Pro 6 မော်ဒယ် အသစ်ကိုလည်း Meizu က ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းများဟာ ယခုနှစ် မတ်လကတည်း က ပေါက်ကြားထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အခုလည်း Meizu ရဲ့ မိခင် နိုင်ငံဖြစ်တဲ့ တရုတ်ကနေ မော်ဒယ်အသစ်ရဲ့ သတင်းများ ထွက်ပေါ်လာတာ ဖြစ်ပြီး မော်ဒယ်အသစ်မှာ 4GB RAM နဲ့ မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၆၀ ဖြစ်မှာပါ။

နှိုင်းယှဉ်ကြည့်ချင် ရင်တော့ မူလ Meizu Pro 6 (64GB Internal Storage ) ရဲ့ ဈေးနှုန်းမှာ ဒေါ်လာ ၄၃၀ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>