7/15/2015

♪ Xiaomi စမတ်ဖုန်းအသစ်နှစ်လုံး၏ သတင်းအချက်အလက်များ ထွက်ပေါ် ♫

5

ရှောင်မီ၏ စမတ်ဖုန်း အသစ်နှစ်လုံးနှင့် ပတ်သက်သည့် ဓါတ်ပုံများ အွန်လိုင်းတွင် ထွက်ပေါ်လာပါသည်။ တစ်လုံးမှာ Xiaomi Mi 5 နှင့် နောက်တစ်လုံးမှာ Xiaomi Redmi Note 2 ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Xiaomi Mi 5 ၏ အနောက်ဘက်တွင် Camera နှစ်လုံးနှင့် LED နှစ်လုံးကို တပ်ဆင်ထားပါသည်။ Mi 5 ကို နိုဝင်ဘာလတွင် ရောင်းချရန် မျှော်လင့်ရပြီး Snapdragon 820 SoC, 4GB RAM, 5.3” QHD Display တပ်ဆင်ထားမည်ဟု သတင်းများထွက်ပေါ်နေပါသည်။

Xiaomi Redmi Note 2 ၏ အနောက်ဘက်တွင် Fingerprint Sensor တပ်ဆင်ထားပြီး ကင်မရာနှင့် LED Flash ၏ အောက်ဘက်တွင် Sensor ကို နေရာချထားပါသည်။ Redmi Note 2 တွင် Snapdragon 410 Chipset, 5.5” 720p Display, 13MP Camera တို့ ပါရှိမည်ဟု သတင်းထွက်ပေါ်နေပါသည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com