7/04/2015

♪ OnePlus 2 စမတ်ဖုန်းတွင် USB-C port ပါဝင်လာမည်ဟု OnePlus ကုမ္ပဏီပြောကြား ♫


စမတ်ဖုန်း ထုတ်လုပ်သော OnePlus ကုမ္ပဏီသည် OnePlus 2 စမတ်ဖုန်းတွင် USB-C cable ထောက်ပံ့မှု ပေးရန် စီစဉ်လျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထို့အပြင် OnePlus သည် ယခင်က ထုတ်ကုန်သစ်၏ အသေးစိတ် အချက်များကို တစ်ပါတည်း ထုတ်ပြန်ခဲ့သော်လည်း ယခုအခါတွင် USB-C port နှင့်ပတ်သက်သည့် အချက်အလက်ကိုသာ ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ စွမ်းအင်ချိတ်ဆက်မှုပေးတဲ့ အပိုင်းမှာ ဦးဆောင်လိုပါတယ်”ဟု OnePlus က Twitter တွင်ရေးသားခဲ့သည်။ Samsung Galaxy Note 5 တွင်လည်း USB-C port ပါဝင်လာဖွယ်ရှိကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းစမတ်ဖုန်း ထွက်ရှိရန် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ ထို့ကြောင့် OnePlus2 သည် USB-C ထောက်ပံ့မှု ပေးထားသော ပထမဆုံး စမတ်ဖုန်း ဖြစ်လာဖွယ်ရှိသည်။

ပြီးခဲ့သည့် မတ်လက OnePlus One စမတ်ဖုန်းကို ဥရောပသမဂ္ဂ နိုင်ငံများရှိ ဈေးကွက်ပေါင်း ၃၀ ကျော်သို့ ဖြန့်ချိခဲ့ကြောင်း သိရသည်။

Ref: VentureBeat
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com