7/16/2015

♪ ကိုကာကိုလာသောက်သုံးရင် MPTငွေဖြည့်ကတ်များကံစမ်းနိုင် ♫

http://i.ytimg.com/vi/DLTODD5woDA/0.jpg


Coca-Cola နှင့် နိုင်ငံတွင်းအကြီးဆုံးဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်သည့် MPT တို့အတူ ပူးပေါင်းကာလန်းဆန်းစေမည့် Coca-Cola သောက်သုံးရင်းအခမဲ့ MPT ဖုန်းငွေဖြည့်မှုကိုရရှိနိုင်မည့် “Refresh & Top-Up Promotion” ကိုယခုလအတွင်းစတင်သွားမည် ဖြစ်ကြောင်းသိရသည်။

ကျပ်(၂၀၀) မှ ကျပ်(၁၀)သိန်းအထိ MPT မိုဘိုင်းဖုန်းငွေဖြည့်ပေးမှု ဆုပေါင်း (၁၅)သန်းပါဝင်မည့် အဖုံးတွင်း ကံစမ်းမဲအစီအစဉ်ကို မြန်မာနိုင်ငံအနှံမှပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံမှ Coca-Cola . သောက်သုံးသူများ အားလုံးအတွက်လန်းဆန်းမှုများ ခံစားရစေရန်နှင့် ပျော်ရွှင်စရာ အခိုက်အတန့်များ အတူမျှဝေရန်အတွက် ဤ Coca-Cola နှင့် MPT တို့၏ Refresh & Top-Up Promotion အား ကိုကာကိုလာ၏ ပြုလုပ်နေဆဲအစီအစဉ်များနှင့် လှုပ်ရှားမှုများတွင် ထည့်သွင်းဆောင်ရွက်သွားရန်စီစဉ် ထားပါသည်။

Refresh & Top-up Promotion ကာလအတွင်း Coca-Cola နှင့် MPT တို့ရဲ့ ဖုန်းငွေဖြည့် ဆုမဲများကိုကံထူးနိုင်မည်ဖြစ်ပြီးယခုနှစ် အတွင်းပျော်ရွှင်ခြင်းခရီးစဉ် ဆက်လက်ကျင်းပသွားမည့် မြို့များဖြစ် သည့် ဇူလိုင်လ ၂၅ ရက်တွင် မကွေး၊ သြဂုတ်လ ၁၅ ရက်တွင် ရွှေဘို နှင့် စက်တင်ဘာလ ၁၉ ရက်တွင် မြိတ် တို့၌ Coca-Cola MPT Refresh & Top-Up Promotion ၏ ပါဝင်အားဖြည့်မှု အစီအစဉ်များ လည်းပါဝင်သွားမည် ဖြစ်ပါသည်။

-------------------
ရဲလင်းလင်းသန်း
Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com