Microsoft က ဆဌမမြောက် Surface Pro 3 Tablet ကို ရောင်းချပေးလိုက်ပါသည်။
တက်ဘလက် အသစ်တွင် 1.7GHz Core i7 Processor, 8GB Storage အပြင် 128GB ကို
ရွေးချယ်နိုင်ပါသည်။
သို့သော် i7 Model အဟောင်းများကဲ့သို့ 256GB နှင့် 512GB များကို ရွေးချယ်နိုင်ခြင်း မရှိပါ။ ကောင်းသည့် အချက်မှာ ဈေးနှုန်းသက်သာလာပြီး 128GB i7 Surface Pro 3 ကို ဒေါ်လာ ၁၂၉၉ ဖြင့် ၀ယ်ယူနိုင်ပြီ ဖြစ်သည်။ ထိုဈေးနှုန်းမှာ 256GB Core i5 နှင့် တူညီပါသည်။
Surface Pro 3 သည် တစ်နှစ်သားအရွယ်ရှိပြီ ဖြစ်ပြီး ယခု မော်ဒယ် အသစ်သည် Surface Pro 4 မထုတ် လုပ်မီ Microsoft ၏ ဈေးသက်သာသော နောက်ဆုံး Pro 3 မော်ဒယ် ဖြစ်နိုင်ပါသည်။ ယခု ဈေးသက် သာသော မော်ဒယ်အသစ်ကို Microsoft က ကျောင်းသားများအတွက် ရည်ရွယ်ပုံပေါ်ပါသည်။ တစ်ချိန်တည်းမှာပင် Microsoft က ဂျာမနီနှင့် ဗြိတိန်တွင် ယခုတစ်ပတ်အတွင်း၌ အဆင့်မြှင့်ထားသော LTE Surface 3 Models များကို မိတ်ဆက်နေပါသည်။
ယခုမော်ဒယ် အသစ်များကို ဂျပန်တွင် ရောင်းချပေးနေပြီး လာမည့် ရက်သတ္တပတ်များအတွင်းတွင် အမေရိကန်၌ ရောင်းချမည် ဖြစ်သည်။
Credit to ==> Myanmar DigitalLife Journal