ရန်ကုန်တိုင်းဒေသကြီး
ကွန်ပျူတာပညာရှင်အသင်းမှ ဦးစီးကာ ကျင်းပပြုလုပ်မည့် “MCPA Quiz 2015
Yangon” အတွက် ကျောင်းများအား ဖိတ်ခေါ်ကာ ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားပြုယှဉ်ပြိုင်မည့်ကျောင်းအား ရွေးချယ်မည်ဖြစ်ပြီး ပထမရရှိသည့် ကျောင်းအနေဖြင့် နိုင်ငံအဆင့်ပြိုင်ပွဲအား တက်ရောက်မည်ဖြစ်ကာ တိုင်းဒေသကြီး နှင့် ပြည်နယ်မှ အသီးသီးတက်ရောက်လာသည့် ကျောင်းများနှင့် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။ နိုင်ငံ အဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရရှိသည့် အသင်းအနေဖြင့် ပထမဆု Trophy၊ ငွေသားကျပ် ၅ သိန်း၊ ITPEC FE Exam ဖြေဆိုခွင့်လက်မှတ်၊ FE Text Book ၁ စုံ၊ ဒုတိယဆု Trophy၊ ငွေသားကျပ် ၃ သိန်း၊ ITPEC FE Exam ဖြေဆိုခွင့်လက်မှတ်၊ FE Text Book ၁ စုံစီနှင့် တတိယဆု Trophy၊ ငွေသားကျပ် ၂ သိန်း၊ ITPEC FE Exam ဖြေဆိုခွင့်လက်မှတ်၊ FE Text Book ၁ စုံစီအား ရရှိမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် အနည်းဆုံး ၄ ယောက် Register ပြုလုပ်ရမည်ဖြစ်သည်။ MCPA Quiz ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုပါက ၎င်းတို့  ၄ ယောက် ထဲမှ ၁ ယောက်မှာ နာမကျန်း ဖြစ်သည့်အခါမျိုးတွင် ကျန် ၃ ယောက်မှာ ဆက်လက်ဖြေဆိုရမည်ဖြစ်ပြီး ၂ ယောက်သာ ကျန်ရှိတော့ပါက ပြိုင်ပွဲမှ ထွက်ခွာရ မည်ဖြစ်သည်။ အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်ပြီးသည့် အသင်းအနေဖြင့် လည်း ပြန်လည်ကာ ပါဝင်နိုင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပခြင်းဖြစ်ကာ ထူခြားချက်အနေဖြင့် ယခုနှစ်တွင် ပုဂ္ဂလိက ကျောင်းများမှလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေးအနေဖြင့် အခမဲ့ ဖြစ်သည်။ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အစိုးရ၊ ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ဘွဲ့ကြိုကျောင်း သား၊ ကျောင်း သူများသည် သက်ဆိုင်ရာ ကျောင်များမှတစ်ဆင့် တစ်သင်းလျှင် ၄ ဦး ပါဝင်သည့် ပြိုင်ပွဲဝင်အသင်းများအဖြစ် ရန်ကုန်တိုင်ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့  ၈-၈-၂၀၁၅ ရက် ညနေ ၅ နာရီ နောက်ဆုံးထား စားရင်းပေးသွင်းရမည်ဖြစ်သည်။
အသေးစိတ် သိရှိလိုပါက ရန်ကုန်တိုင်ဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဖုန်း-၀၁ ၆၅၂၂၇၆ နှင့် Exam Coordinator ဒေါ်သီတာထွန်း ဖုန်း-၀၉ ၇၃၁၉၈၄၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

Credit to ==> Internet Journal