မြန်မာနိုင်ငံတွင်
Facebook လူမှုကွန်ရက်ကို အသုံးပြုသူအရေတွက် လေးသန်းနှင့် ခုနစ်သိန်း
(၄,၇၀၀,၀၀၀ ) ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် မိုဘိုင်းဖုန်းဖြင့်
အသုံးပြုသူ အရေအတွက် မှာ လေးသန်းနှစ်သိန်းကိုးသောင်း (၄,၂၉ ၀,၀၀၀) ရှိပြီး
ကွန်ပျူတာမှတစ်ဆင့် အသုံးပြုသော ပမာဏထက် ဆယ်ဆကျော် များပြားနေကြောင်း Amara
Digital Marketing Agency ၏ လေ့လာထားသော အချက်အလက်များအရ သိရသည်။
ထို့ကြောင့် တစ်နိုင်ငံလုံး Facebook အသုံးပြုသူ၏ ရာခိုင်နှုန်းအများစုမှာ မိုဘိုင်းဖုန်းများပေါ်မှတစ်ဆင့် အသုံးပြုကြခြင်း ဖြစ်သည်။ ကွန်ပျူတာများမှတစ်ဆင့် အဆိုပါ လူမှုကွန်ရက်ကို အသုံးပြုသူအရေအတွက် မှာ လေးသိန်းတစ်သောင်း (၄၁၀,၀၀၀) ရှိသည်။
ပြည်တွင်း၌ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် Facebook အသုံးပြုသူများအနက် Android OS ပေါ်တွင် အသုံးပြုသူ အရေအတွက်မှာ လေးသန်းတစ်သိန်း (၄,၁၀၀,၀၀၀) ရှိပြီး iOS Platform ပေါ်မှ အသုံးပြုသူဦးရေ မှာ နှစ်သိန်း (၂၀၀,၀၀၀) ရှိကြောင်း သိရသည်။
အဆိုပါ လူမှုကွန်ရက်ကို Windows ဖုန်းများပေါ်မှတစ်ဆင့် အသုံးပြုသူ အရေအတွက်မှာ နှစ်သောင်းခုနစ်ထောင် (၂၇,၀၀၀) ရှိနေသည်။ ထို့အပြင် Gmail ဖြင့် Facebook account ကို ဖွင့်လှစ်အသုံးပြုသူ အရေအတွက်မှာ နှစ်သန်းခြောက်သိန်း (၂,၆၀၀,၀၀၀) ရှိကြောင်း အထက်ပါ အေဂျင်စီ မှ ရရှိထားသော အချက်အလက်များ အရ သိရသည်။
ပြည်တွင်း၌ Facebook အသုံးပြုသူ အရေအတွက်သည် ယခုလ ပထမပတ်အတွင်း၌ လေးသန်းနှစ်သိန်း ရှိခဲ့ရာမှ ရက်သတ္တပတ် သုံးပတ်အတွင်း အသုံးပြုသူဦးရေ ခုနစ်သိန်း (၇၀၀,၀၀၀) ခန့်တိုးတက်လာ ခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ သန်း ၂၀ ကျော် ရှိလာပြီဖြစ်ပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်မှာ ၁၅ သန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

Credit to ==> Internet Journal