အသစ်ထွက်လာမယ့် iPhone မှာ Force Touch display ပါလာမယ်လို့ Wall Street
Journal ရဲ့ သတင်းမှာပါလာပါတယ်။ iPhone 6s လို့ဖြစ်လာမယ့် ဒီဖုန်းမှာဆိုရင်
Apple Watch ရဲ့ screen လိုမျိုး Force Touch display ကိုသုံးသွားမှာပါ။
Force Touch screen ဟာ iPhone အသုံးပြုသူတွေကို experience အသစ်တွေ ဖန်တီးပေးမှာဖြစ်ပြီး၊ developer တွေအနေနဲ့လည်း menus အသစ်တွေ၊ option အသစ်တွေ ထည့်ပေးနိုင်လာပါလိမ့်မယ်။ ဥပမာခပ်ဖွဖွဖိရင် ပထမ menu ၊ နည်းနည်းထပ်ဖိရင် နောက် menu ဆိုပြီးအဆင့်ဆင့်သွားလို့ရတာမျိုးပါ။ WSJ အနေနဲ့ ဒီနှစ်ထဲမှာလက်ရှိရှိပြီးသား space grey၊ silver နဲ့ gold option တွေ အပြင်၊ နောက်ထပ်အရောင်တွေကိုပါ ထပ်ပေါင်းပေးဖို့ရှိပြီး၊ Screen resolution နဲ့ အရွယ်တွေကတော့ ဒီလက်ရှိအတိုင်းပါပဲ။
ပြီးခဲ့တဲ့ နှစ်ကဒီဇိုင်းပိုင်းနဲ့ အရွယ်တွေပြောင်းပြီးတဲ့နောက်မှာအခုအခါမှာအတွင်းပိုင်းနဲ့ screen တွေ၊ အရွယ်တွေပါ ပြောင်းမယ့်ပုံပါ။ Apple အနေနဲ့ S model တွေဆိုရင် ကင်မရာပိုင်းကိုပါပြောင်းတတ်ပါ တယ်။ ဒါကြောင့်ဒီတစ်ခေါက် စက်တင်ဘာဆိုရင် စောင့်ကြည့်ရမှာပါ။
Credit to ==> Mobile Guide Journal