6/03/2015

♪ Viber ကို Chrome OS တွင် အသုံးပြုနိုင်ပြီ ♫

1

Viber က Chrome OS အတွက် သူ၏ App ကို ဖြန့်ချီပေးလိုက်ပြီ ဖြစ်သည်။ Chrome OS တွင် Viber မှနေ၍ Text, Voice, Video Chat များ ပြုလုပ်နိုင်မည် ဖြစ်သည်။ Chrome OS ထည့်သွင်းထားသော Chromebook နှင့် Chromebox များတွင် Viber ကို အသုံးပြုနိုင်ပါသည်။

Viber ထည့်သွင်းထားသူများအတွက် Voice, Video Call များသည် အခမဲ့ ဖြစ်ပြီး Viber မရှိသည့် ဖုန်းများနှင့် ကြိုးဖုန်းများကို ခေါ်ဆိုလျှင် အခကြေးငွေ ပေးရမည် ဖြစ်သည်။

Viber ကို Android, iOS, Windows, BlackBerry, OS X , Linux စသည့် ပလက်ဖောင်းများအတွက် ယခင်ကတည်းက ဖြန့်ချီပေးခဲ့ပြီး ဖြစ်ပြီး ယခုမှသာ Chrome OS အတွက် စတင်ဖြန့်ချီပေးခြင်း ဖြစ်ပါသည်။
Chrome OS အတွက် Viber ကို Chrome Web Store တွင် အခမဲ့ ရယူနိုင်ပါသည်။

Google Hangouts , IMO တို့သည်လည်း Chrome OS အတွက် ထုတ်လုပ်ပေးထားပြီး ဖြစ်သဖြင့် အဆိုပါ ပလက်ဖောင်းတွင် ပြိုင်ဖက်များပြားလာပြီ ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com