6/13/2015

♪ ကန်ဒေါ်လာ ၁၁၉.၈၀၀န်ကျင်သာရှိသည့် Tablet - Dell Venue 7 Tablet ♫


တန်ဖိုး - ကန်ဒေါ်လာ ၁၁၉.၈၀

အားသာချက် - Dell Venue 7 ဟာဈေးနှုန်းချိုသာပြီး Micro SD Slot ကိုထည့်သွင်း ပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ပြီး ခရီးသွားလာရင်း အလုပ်လုပ်ကိုင် သူများအတွက်တော့ အသုံးဝင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။

အားနည်းချက် -  ဖိုင်အရွယ်အစား ကြီးမားတဲ့ App တွေကို Download ပြုလုပ်၍ Update လုပ်တဲ့အခါမှာ Tablet ရဲ့ အလုပ်လုပ်ဆောင်မှု အနည်းငယ် နှေးသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Tablet ရဲ့ Bazel ကလည်း အနည်းငယ်ထူပြီး ဒီဇိုင်းပိုင်းမှာ ခေတ်မီတဲ့ ဒီဇိုင်းပုံစံအဆန်းတွေကို တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။

သုံးသပ်ချက် - Dell Venue 7 သည် အရွယ်အစား သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပြီး၊ Venue 8 ကဲ့သို့ စွမ်းဆောင်ရည်ပိုင်းနှင့် Feature ပိုင်းတွေက တူညီမှာဖြစ်ပါတယ်။ Venue 8 ကတော့ အရွယ်အစား အနည်းငယ် ကြီးမားမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် - Intel Atom Z2560Chipset ကို အသုံးပြုထားပြီး Dual Core Processor ကို သုံးစွဲထားပါတယ်။ Processor ရဲ့ အမြန်နှုန်းကတော့ 1.6 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 2GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ ဂိမ်းကစားတာကို နှစ်သက်သူများ အတွက်ကတော့ Intel HD Graphic ကိုအသုံးပြု ပေးထားပါတယ်။ Tablet ကိုအသုံးပြု နိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.4 ဖြစ်တဲ့ Kitkat Version ကို အသုံးပြုထားပါတယ်။ IPS LCD capacitiveTouchscreen ကိုအသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၇ လက်မ ခန့်သာရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်ကင်မရာ တစ်ခုသာပါဝင်မှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ Megapixels ကတော့ 3.15 Megapiexls ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ Liion ဘက်ထရီကို အသုံးပြု ထားပြီး Battery သိပ်သည်းဆကတော့ 4100mAh ရှိမည်ဖြစ်သည်။

ဒီဇိုင်း - အရှေ့ဘက် မျက်နှာပြင် အပေါ်ဘက်တွင် ကင်မရာတပ်ဆင် ပေးထားပြီး စပီကာ ကတော့ အောက်ခြေတည့်တည့်မှာ ထည့်သွင်းထားပါတယ်။ လက်ယာဘက် အပေါ်ဘက်ပိုင်းမှာတော့ USB Port နဲ့ Volume  အတိုးအချဲ့ ခလုတ်တွေ ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com