Sony က Xperia Z3+ ကို ရောင်းချပေးလိုက်ပါသည်။ Xperia Z3+ သည် ဂျပန်တွင်
ရောင်းချပေးခဲ့သည့် Xperia Z4 ၏ နိုင်ငံတကာဗားရှင်း ဖြစ်ပါသည်။
အမည်သာပြောင်းလဲသွားပြီး Specification များမှာ တူညီပါသည်။ Sony Xperia Z3+
သည် Z3 ၏ မျိုးဆက်လည်း ဖြစ်ပါသည်။
Xperia Z3+ တွင် ၅.၂ လက်မ 1080p TRILUMINOUS Display တပ်ဆင်ထားပါသည်။ Snapdragon 810 Chipset , 32GB Storage, 3GB RAM ပါရှိပါသည်။ 2930mAh Battery တပ်ဆင်ထားပြီး ဘက်ထရီသက်တမ်းမှာ ၂ ရက်ဖြစ်ပါသည်။
အနောက်ဘက်တွင် Sony ၏ 20.7MP Exmor Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ Sony က Xperia Z3+ ၏ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးသော်လည်း ဇွန်လတွင် တစ်ကမ္ဘာလုံးတွင် ရောင်းချမည် ဖြစ်သည်ဟု ပြောပါသည်။ Dual-SIM အမျိုးအစားကိုလည်း မကြာမီ ကြေညာမည် ဖြစ်သည်။
Myanmar Digital Life Journal