6/09/2015

♪ Sharp က ဘေးဘောင်မဲ့ Aquos Crystal 2 ကို မိတ်ဆက် ♫

3

Sharp က ယခင်နှစ်တွင် ဘေးဘောင်မဲ့ စွမ်းဆောင်ရည်သင့် Aquos Crystal ပထမမျိုးဆက်ကို မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ ဒုတိယမျိုးဆက် Aquos Crystal 2 ကို မိတ်ဆက်လိုက်ပါသည်။ မျိုးဆက်သစ်သည် မျက်နှာပြင်အရွယ် ၅.၂ လက်မအထိ ကြီးမားလာပြီး အခြေခံ ရေစိုမှုများကို ခံနိုင်ရည်ရှိလာပါသည်။ ထို့အပြင် Mobile Wallet ကို ထောက်ပံ့ပေးနိုင်ပါသည်။ ဂျပန်ရှိ Softbank မှ ဇူလိုင်လလယ်တွင် ရောင်းချမည် ဖြစ်သည်။

Aquos Crystal 2 တွင် S-Pure LED အမျိုးအစား မျက်နှာပြင် တပ်ဆင်ထားပြီး အရည်အသွေးမှာ 720p ဖြစ်ပါသည်။ မျက်နှာပြင်၏ ဘယ်၊ ညာနှင့် အထက်ရှိ ဘေးဘောင်များကို အသေးဆုံးဖြစ်စေ ရန် ပြုလုပ်ထားပါသည်။

မျက်နှာပြင်၏ အထက်ရှိ ဘောင်ကို ဖယ်ရှားထားသဖြင့် 2.1MP အရှေ့ဘက်ကင်မရာကို မျက်နှာပြင် ၏ အောက်တွင် တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 8MP Camera ပါရှိပါသည်။ 2GB RAM ကို အဆင့်မြှင့်တပ်ဆင်ထားပြီး Storage သည်လည်း 16GB အထိ ပါရှိလာပါသည်။ ယခင်မျိုးဆက်တွင် အသုံးပြုထားသော Snapdragon Chipset ကိုသာ ပြန်လည် ထည့်သွင်းထားပါသည်။

ဖုန်းသည် ရေစက်၊ ရေမှုန်များကို ခံနိုင်ရည်ရှိသော်လည်း ရေထဲတွင် နှစ်မြှပ်၍ မရပါ။ ထူးခြားချက်မှာ ထိတွေ့မှုများကို အာရုံခံနိုင်သည့် Sensor တစ်ခုကို ဖုန်း၏ ဘေးဘက်တွင် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။
LTE, HD Voice, 2.4GHz WiFi b/g/n, NFC ဆက်သွယ်မှုများ ပါရှိပါသည်။

အရွယ်ကြီးမားလာသော်လည်း 2030mAh Battery ကိုသာ ထည့်သွင်းပေးထားပါသည်။ Sharp က မျက်နှာပြင်အသစ်သည် ပိုမို တောက်ပပြီး စွမ်းဆောင်ရည်မြင့်မားသည်ဟု ပြောပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com