6/12/2015

♪ ကျပ် ၁၃၀၀၀ တန်ဖိုးရှိ - Solar Powerbank light ♫


Power bank အဖြစ် အသုံးပြုနိုင်သလို LED မီးအိမ်တစ်ခု အဖြစ်ပါ အသုံးပြုနိုင်မည့် 2 in 1 Solar Powerbank light ဖြစ်သည်။ မျက်နှာပြင်တစ်ဖက်ကို အားသွင်းရန်အတွက် Solar Panel တပ်ဆင်ပေး ထားပြီး ကျန်တစ်ဖက်ကို LED မီးလုံး ၂၀ တပ်ဆင်ပေးထားသည့်အတွက် အလင်းအားကောင်းသော မီးအိမ်အဖြစ်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။

ကြာရှည်ခံ Lithium polymer ဓာတ်ခဲကို အသုံးပြုထားပြီး နေရောင်ဖြင့် အားသွင်းခြင်းနှင့် DC 5V ကို Adpator ခံပြီး အားသွင်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်သည်။ အသုံးပြုထားသော Solar Panel မှာ 1.2 Watt ရှိသော monocrystalline နှင့်ဖြစ်သည့်အတွက် အားသွင်းမြန်ပြီး ကြာရှည်အသုံးခံသည်ဟု သိရသည်။ Power bank အဖြစ် အသုံးပြုနိုင်သော USB ပေါက်နှစ်ပေါက်ပါဝင်ပြီး အနှေးနှင့် အမြန်နှစ်မျိုး အားသွင်းနိုင်မည် ဖြစ်သည်။ iPhone, iPad အပါအဝင် Android စနစ်သုံး ဖုန်းများအပြင် PSP, GPS နှင့် ကင်မရာများကိုပါ အားသွင်းပေးနိုင်မည်ဖြစ်သည်။

ဓာတ်ခဲအားကို LED မီးလုံးဖြင့် အချက်ပြပေးမည် ဖြစ်သည်။  5000 mAh ဘက်ထရီကို အသုံးပြုထားသည်။ တန်ဖိုးမှာ ကျပ် ၁၃,ဝဝဝ ဖြစ်ပြီး New Life ဖုန်း - ၀၉-၄၃၁၆၄၆၃၂ နှင့် ၀၉-၂၅၄၇၁၄၁၁၆ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com