6/01/2015

♪ Sharp က အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားသော Aquos Xx ကို ကြေညာ ♫

Ashampoo_Snap_001_

Sharp က စွမ်းဆောင်ရည်မြင့် Aquos Xx ကို ကြေညာလိုက်ပါသည်။ ၅.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အရည်အသွေးမှာ 1080p ဖြစ်ပါသည်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ ဖြစ်ပါသည်။ ဘေးဘောင်များ မပါရှိသည့် Bezel-less Design ဖြစ်ပါသည်။

အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး အလေးချိန်မှာ ၁၆၈ ဂရမ် ဖြစ်ပါသည်။ Android 5.0 Lollipop မောင်းနှင်မည် ဖြစ်သည်။ Core ရှစ်လုံးပါသည့် Snapdragon 810 ကို ထည့်သွင်းထားပါသည်။ 3GB RAM, 32GB Internal Storage ထည့်သွင်းထားပြီး 128GB အထိ ၀င်ဆန့်သည့် microSD Card ပါရှိပါသည်။

အနောက်ဘက်တွင် 13MP Camera နှင့် အရှေ့ဘက်တွင် 2MP Camera တပ်ဆင်ထားပါသည်။ မိုးရေနှင့် ရေစက်ရေပေါက်များကို ခံနိုင်ရည်ရှိပါသည်။ သို့သော် ရေထဲတွင် နှစ်မြှပ်ခြင်းကို ခံနိုင်ရည် မရှိပါ။ ဇွန်လတွင် ရောင်းချပေးမည်ဖြစ်ပြီး ဈေးနှုန်းကို ကြေညာခြင်းမရှိသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com