6/13/2015

♪ Samsung Galaxy Tab A LTE With S-Pen အကြောင်းအသေးစိတ်ရှင်းလင်းဖော်ပြချက် ♫

SM-P555NZKAXME-240751-0

Tablet Corner ကဏ္ဍမှာတော့ ဈေးကွက်ထဲအသစ်ရောက်ရှိလာတဲ့ Samsung Galaxy Tab A အကြောင်းဖော်ပြချင်ပါတယ်။ ဒီတက်ဘလက်ဟာဆိုရင် ဒီဇိုင်းပုံစံပြားပြားပါးပါးနဲ့ အမြင်အာရုံကိုဖမ်းစားနိုင်တဲ့ တည်ဆောက် မှုမျိုးရှိပါတယ်။ တက်ဘလက်ရဲ့မျက်နှာပြင်အချိုးက 4:3 ဖြစ်လို့ eBook တွေ၊ မဂ္ဂဇင်းတွေ၊ သတင်း စာတွေဖတ်တဲ့အခါ အ ဆင်ပြေဆုံးအနေအထားကိုရရှိစေကာ အင်တာနက်ဝက်ဘ်ဆိုက်တွေကြည့်တဲ့အခါမှာလည်း အကောင်းဆုံးမြင်ကွင်းကို ပေးစွမ်း ပါတယ်။ Galaxy Tab A ရဲ့ 5 MP နောက်ဖက်ကင်မရာက Auto focus ထောက်ပံ့ပေးထားမှုနဲ့အတူ ကြည်လင်ပြတ် သားတဲ့ ပုံတွေရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာနဲ့ QR Code တွေ၊ Bar Code တွေကို ဖတ်ယူနိုင်တာကြောင့် သီးခြား App တွေ ဒေါင်းလုပ်ချပြီး အသုံးပြုစရာမလိုတော့ပါဘူး။ တွဲလျှက်ပါဝင်တဲ့ Tab A S- Pen က မှတ်စုရေးမှတ်ခြင်း၊ Web Page တွေပေါ်ကပုံတွေကို စိတ်ကြိုက်ဖြတ်ယူနိုင်ခြင်း စတာတွေကို ထောက်ပံ့ပေးပါတယ်။

SM-P555NZKAXME-101684-0

မြင့်မားတဲ့စွမ်းဆောင်ရည်
1.2 GHz Quad core ပရိုဆက်ဆာ၊ RAM 2 GB နဲ့ နောက်ဆုံး ထွက် Android ဗားရှင်း Lollipop ကို ပေါင်း စပ်ပေးထားတဲ့ Tab A ဟာ ရိုးရှင်းတဲ့အသွင်အပြင်မှာ အမြင့်မားဆုံးစွမ်းဆောင်ရည်ကိုရရစေပါ တယ်။ ဒါကြောင့် မျက် နှာပြင်ကျယ်ကျယ် တက်ဘလက်ပေါ်မှာ ဗီဒီယို၊ အင်တာနက်၊ ဂိမ်းစတဲ့ဖျော်ဖြေမှု ကဏ္ဍတွေကို ပြည့်ပြည့်၀၀ခံစားနိုင်ပါတယ်။


ကလေးများအတွက် Kids Mode
Galaxy Tab A မှာပါတဲ့ Kids Mode မှာ ကလေးတွေနဲ့ကိုက်ညီမယ့် application တွေ အသုံးပြုနိုင်လို့ ကလေး တွေကိုပညာပေးနိုင် သလို ဖျော်ဖြေရေးအတွက်ပါ အသုံးချနိုင် ပါမယ်။ Tablet နဲ့ကလေးတွေအချိန်ကုန်မှာ စိုးရိမ်စရာမလို အောင် အချိန်ကန့်သတ်ချက်ပေး ထားလို့ရတာကြောင့် မိဘတွေအသုံးတည့်မယ့် feature တစ်ခုဖြစ်ပါတယ်။

ကင်မရာရဲ့အဆက်မပြတ် ရိုက်ချက်
တက်ဘလက်ဖြစ်တာကြောင့် မြင်ကွင်းကျယ်ကျယ်နဲ့ စိတ်ကြိုက်ချိန်ရွယ်ရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် ကင်မရာခလုတ် ကိုဖိထားပေးပါကပုံတွေကို ဆက်တိုက်ရိုက်ကူးဖမ်းယူပေးတာကြောင့် ရွေ့လျားနေတဲ့ အရာဝတ်္ထုမျိုးကို ရိုက်ယူတဲ့အခါ ပုံ ကောင်းတစ်ခုကိုရွေးချယ်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

Screenshot_2015-06-08-11-15-04

မြန်မာစာအထောက်အပံ့
တက်ဘလက်ရဲ့ မြန်မာစာစနစ်အတွက် လက်ရှိလူသုံးများနေတဲ့ Zawgyi အပြင် တစစလူသုံးများလာပြီဖြစ်တဲ့ Unicode စံနှုန်းမီ မြန်မာစာစနစ်ကိုပါ ထည့်သွင်းပေးထားပြီး အလွယ်တကူပြောင်းလဲအသုံးပြုနိုင်အောင် Language and input setting မှာ ထည့်သွင်းထားပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com