6/05/2015

♪ Huawei P8 အပါအဝင် အခြားနောက်ဆုံးပေါ် Device များအား အရှေ့တောင်အာရှသို့ မိတ်ဆက် ♫


Huawei P8 အပါအဝင် အခြားနောက်ဆုံးပေါ် Device များအား အရှေ့တောင်အာရှသို့ မိတ်ဆက်ပွဲအခမ်း အနားကို မေလ ၂၈ ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Centara Grand Hotel ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အရှေ့တောင်အာရှရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဖိတ်ကြားထားသော ဧည့်သည်တော် ၅၀၀ ကျော်က Huawei ၏ နောက်ဆုံးပေါ် စမတ်ဖုန်း၊ ဝတ်ဆင်နိုင်သော ထုတ်ကုန်ပစ္စည်းများ (Wearable Devices) စသည်တို့၏ ဆန်းသစ်တီထွင်မှုများ၊ နည်းပညာသစ်များကို တက်ရောက်လေ့လာခဲ့ကြသည်။

၎င်း P8 သည် 4G Android စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ယခင် ဖုန်းများထက် ပိုမိုပါးလွှာပြီး 2600mAh ဘက်ထရီနှင့် 64-bit Octa-Core Chipset ပါဝင်သည့် Kirin 930 တို့ဖြင့် တည်ဆောက်ထားသည်။ အလင်းပန်းချီ ချယ်မှုန်းနိုင်သည့် ကင်မရာပါဝင်သည်။ Director Mode သည် စမတ်ဖုန်းလုပ်ငန်းစုအတွင်း ပရော်ဖက်ရှင်နယ် ဗီဒီယိုရိုက်ကူးနိုင်သော လုပ်ဆောင်မှု ပါဝင်သည့် ပထမဆုံး စမတ်ဖုန်းဖြစ်သည်။ တစ်ခါတရံ မိမိတို့ဖုန်းများကို နေရာမှားထားမိခြင်း၊ ရှာမတွေ့ခြင်း အစရှိသော ပြသာနာကို ဖြေရှင်းနိုင်ရန် အတွက် feature ထည့်သွင်းပေးထားသည်။

Huawei မှ Southeast Asia ဒေသအတွင်းတွင် Customer Service Center ပေါင်း ၁,၅၀၀ ကျော်ကို ဖွင့်လှစ်မည်ဖြစ်ပြီး မကြာခင်ကာလအတွင်း Huawei မှ Customer Service Mobile Application နှင့် Offer Mail in Service (MIS) တို့ကို ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ မြန်မာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com