6/13/2015

♪ Game ၀ါသနာရှင်များအတွက် - GAME REVIEW: The Witcher 3: Wild Hunt ♫

KpkLZ

The Witcher 3: Wild Hunt က ပိုလန်စာရေးဆရာ Andrzej Sapkowski ရဲ့ ၀တ္ထုမှ ဗီဒီယိုဂိမ်းပြောင်းလဲပုံဖော်မှု Witcher Saga ကို ရှေ့ဆက်ထားပါတယ်။ စီးရီးရဲ့ အခုနောက်ဆုံးအပိုင်းမှာ ဇာတ်လိုက် Witcher Geralt of Rivia က သူ့ရဲ့မွေးစားသမီး Ciri နောက် ခြေရာခံလိုက်တဲ့ quest အကြောင်း ဇာတ်လမ်းပုံပြင် အဆုံးသတ်ထားပါတယ်။ သူဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ဆိုးယုတ်တဲ့ “Wild Unit” ရဲ့လိုက်ဖမ်းတာခံရပါတယ်။ ယခင် Witcher ဂိမ်းတွေကပိုပြီး အဖြောင့်အတိုင်းဖြစ်တဲ့ level structure ကို ထည့်သွင်းထားတဲ့အခါ The Witcher 3 ကတော့ စီးရီးအတွင်း လုံးဝဖွင့်ထားတဲ့ open world ကို ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ Developer တွေကThe Witcher 3 ဂိမ်းဟာ The Elder Scrolls V: Skyrim ထက် ၂၀ ရာခိုင်နှုန်းပိုကြီးတယ်လို့ ဆိုပါတယ်။

Open World ကိစ္စကို ဘေးဖယ်ထားလိုက်ရင် The Witcher စီးရီးရဲ့ကြီးမားတဲ့ အာရုံစိုက်မှုက အမြဲအားဖြင့် ဇာတ်လမ်းပုံပြင်နဲ့ သူ့ရဲ့ ဇာတ်ကောင်တွေပဲဖြစ်ခဲ့ပါတယ်။ အရင်ဂိမ်းတွေရဲ့ ဇာတ်ကြောင်း ပုံပြင်မှာ ရင့်ကျက်ပြီးဖြစ်တဲ့ Theme အကြောင်းအရာ တွေ ဆွေးနွေးဖို့ ဘယ်တုန်းကမှ နှောင့်နှေးတွန့်ဆုတ်ခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံးထွက် ဂိမ်းကလည်းထို့အတူပဲဖြစ်ပါတယ်။ Geralt ရဲ့ နောက်ဆုံးစွန့် စားခန်းက အများကြီးပိုပြီးတော့ ပုဂ်္ဂိုလ်ရေးဆန်ပါတယ်။ များစွာသော quest တွေက အရင်ကမိတ်ဆွေတွေနဲ့ အသိအကျွမ်းတွေကို ကူညီရ တာတွေ အာရုံစိုက်ပါတယ်။ သူ့ရဲ့ သဘာဝလွန် မှော်ကဝေအာရုံ (Witcher Senses) နဲ့ အ၀ါရောင်မျက်လုံးတွေ ဘယ်လိုပဲရှိရှိ Geralt က စစ်မှန်တဲ့ လူတစ်ယောက်လို ခံစားရပြီး သူလုပ်သမျှလုပ်ဆောင်မှု တိုင်းရဲ့ အကျိုးဆက်ကို အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ခံစားရ တယ်။ Witcher စီးရီးမှာတွေ့ရတဲ့ ဇာတ်ကြောင်းပြန်မှု အရည်အ သွေးကို လိုက်မီတဲ့ ဂိမ်းတွေအလွန်တရာနည်းပါးပြီး Wild Hunt က စိတ်ဝင်စားစရာ ပုံပြင်တွေကို ဆက်ပြီးပေးပါတယ်။

အရှင်းဆုံးပြောရရင် The Witcher 3 က ကစားသူအနေနဲ့ ပြီး စီးဖို့ရာ အချိန်အကြာကြီးယူရတဲ့ ကြီးမားတဲ့ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့က ပင်မဇာတ်ကြောင်းအပေါ်ပဲ သီးသန့်အာရုံစိုက်ရင်တောင်မှ ဖြစ်ပါတယ်။ အခြား open-world ဂိမ်းတွေလိုပဲ ဘေးပန်း side quest နဲ့ စူးစမ်းရှာဖွေဖို့ သွေးဆောင်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ အဆုံးမရှိတဲ့ အာရုံပျံ့လွင့်လမ်းချော်စရာအများကြီး ရှိလာတယ်။ ပို ပြီးကောင်းတာက ကစားသူတွေရရှိတဲ့ အမျိုးမျိုးသော side quest တွေနဲ့ Witcher contract တွေက သတိပေးဆိုင်းပုဒ်တွေကလာပြီး သူတို့ဟာ ဂိမ်းကမ်္ဘာထဲအမှန်တကယ်သက်ဆိုင်သလို ခံစားရစေမယ့် နည်းနဲ့ ပြုလုပ်ထားပါတယ်။ စိတ်ဝင်စားစရာဇာတ်ကောင်တွေ၊ စိတ် တွင်းပဋိပက္ခတွေနဲ့ ဒွိဟဖြစ်စရာကျင့်ဝတ်အခြေခံဆုံးဖြတ်ချက် (moral decisions) တွေနဲ့ Witcher Senses တွေ ပေါင်းစပ်ထည့် သွင်းထားတဲ့အခါ quest တွေကို ကစားရတာထိုက်တန်ပြီး အဓိပ္ပါယ် ရှိအောင် လုပ်ပေးတယ်။ အခြား open world ဂိမ်းတွေထက် အခြား အဓိကအဆင့်တိုးမြှင့်မှုက The Witcher 3 မှာ စွန့်စားခန်းအတွင်း အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးစေပြီးတဲ့နောက်မှာသာ ထွက်လာတဲ့ dynamic quest တွေပါဝင်ပါတယ်။ Quest အသစ်တွေ ကြုံရာ ကျပန်းပေါ်လာမှုက ဂိမ်းကမ္ဘာကို ပိုပြီးအသက်ဝင်လာသလို ခံစားရ အောင်လုပ်ပေးပါတယ်။


The Witcher 3 ထဲက quest အမျိုးအစားတစ်ခုကိုတော့ အသားပေးဖော်ပြထိုက်ပါတယ်။ အဲဒီလိုပုံစံမျိုးချဉ်းကပ်ဖို့ လုံလုံ လောက်လောက် ရဲရင်တဲ့အခြားဂိမ်းတွေနည်းပါးလွန်းတဲ့အတွက်ပါပဲ။ Quest တစ်ခုရဲ့ ဇာတ်လမ်းစဉ်အခန်းတစ်ခုလုံးမှာ ကစားသူကို တေးဂီ တဖျော်ဖြေရေးပွဲအထဲ ဒီအတိုင်းထိုင်ခိုင်းထားပါတယ်။ ဒါဟာ ကစား သူစိတ်ထဲ အခြားဂိမ်းတွေမလုပ်နိုင်တဲ့ ခံစားမှုကို ဆောင်ကြဉ်းပေး ပါတယ်။ အခြား quest တစ်ခုမှာ Geralt က အရင်မိတ်ဆွေတစ် ယောက်ကို ကူညီပေးနေရင်း တစ်ညတော့ တောနက်ထဲဖယောင်း တိုင်မီးနဲ့ ညစာစားပွဲမှာ အတူထိုင်ရပါတယ်။ အတင်းအကျပ်လုပ် ဆောင်စေတဲ့ action တွေမပါတဲ့ ဒီဇာတ်ကြောင်းပြန် narrative တည်ဆောက်မှု နမူရာဖြစ်ရပ်တွေက The Witcher 3 ကို မဖြစ်မနေ ဆွဲဆောင်တဲ့ တွေ့ကြုံမှုတွေပေးပါတယ်။ Gameplay အ ပေါ် နစ်ဝင်ခံစားမှုဟာ ဇာတ်ကောင်တွေအ ပေါ် တွယ်ငြိလာရာကနေ ပေါ်ပေါက်လာပါတယ်။ အဲဒီ ဇာတ်ကောင်တွေအပေါ် သက်ရောက်မှုရှိတဲ့ narrative instances တွေက နောက်တော့ပိုပြီးစွမ်း အားကြီးလာပါတယ်။ ကစားသူတွေဟာ စိတ်ခံစားမှု ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ တည်ဆောက်လာပြီး ဇာတ်ကောင်ရဲ့ အစမ်းပြုမူမှုတွေကနေ ကောင်း တဲ့ရလဒ်တွေ ထွက်လာတာမြင်ချင်လာပါတယ်။

မြင့်မြင့်မားမားလေ့ကျင့်သင်ကြားထားတဲ့ Witcher တစ် ယောက်ဖြစ်ခြင်းရဲ့ ရလဒ်အနေနဲ့ Geralt ဟာ အမျိုးမျိုးသော ကျွမ်းကျင်မှုစွမ်းရည် တွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုကောင်းတဲ့ ပင်မဇာတ်ကောင်ဖြစ်ပါတယ်။ အထူးသဖြင့် ဂိမ်းထဲက သူ့ရဲ့ Withcer Sense က စုံ ထောက်ပုံစံစွမ်းဆောင်ရည်နဲ့ အလုပ်လုပ်ပါတယ်။ ဒီစွမ်းရည်က ပတ်ဝန်းကျင်နဲ့ အရာဝတ္ထုတွေအပေါ် scan လုပ်ဖတ်ရှုပြီး သွေးစက်ကနေ ခြေရာတွေအထိ သွားလာ ခဲ့တဲ့လမ်းကြောင်းရာနဲ့ သဲလွန်စတွေ ထောက်လှမ်းနိုင်ပါတယ်။ Geralt က မှော်ပညာအမျိုးမျိုးကိုလည်း သုံးစွဲနိုင်တယ်။ အ ဝေးကနေ အရာဝတ်္ထုတွေကိုင်ပေါက်ရွှေ့လျားနိုင်တဲ့ အနူနုငညနအငခ မီးတွေလောင်ကျွမ်းစေတဲ့ pyrokinetic, magical trap, protective shield စတာမျိုးတွေဖြစ်ပါတယ်။ အခြားသူတွေကို ဖျောင်းဖြဖို့၊ ခြိမ်းခြောက်ဖို့ ကစားပြော တွေမှာ သုံးနိုင်တဲ့ stun effect လည်းရှိတယ်။ Geralt က စားရေးကျွမ်းကျင်သူလည်းဖြစ်တယ်။ လူသားတွေနဲ့ တိုက်ခိုက်ဖို့ စတီးဓားသွားကိုသုံးတယ်။ မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့ ငွေ ရောင်ဓားသွားကိုသုံးပါတယ်။ Standard နဲ့ heavy attack တွေ အပြင် Geralt က parry နဲ့ dodge attack နဲ့အတူ sidestep နဲ့ device ရွှေ့ကွက်တွေလည်း ပြုလုပ်နိုင်တယ်။ နောက်ထပ်တွေ့ကြုံခံ စားမှုတွေကိုတော့ quest တွေ ပြီးစီးခြင်းကနေရရှိတယ်။ အမျိုးမျိုး သော တိုက်ပွဲတွေ၊ မှော်အတတ်တွေဇာတ်ကောင်ရဲ့ active နဲ့ passive skill ဖွင့်ယူဖို့ attribute point တွေ သုံးနိုင်ပါတယ်။

တင်ဆက်ပြသမှုနဲ့ အမြင်ပိုင်းမှာ The Witcher 3 က စိတ်လှုပ် ရှားစရာ လွှမ်းခြုံဆွဲဆောင်တဲ့ game ကမ္ဘာကို ပေးကမ်းထားပါတယ်။ လေထဲမှာ ဝှေ့ယမ်းနေတဲ့ သစ်ပင်တွေကနေ ခါးလယ်အထိနက်တဲ့ ရွှံ့နွံစိမ့်တောတွေအထိ ဂိမ်းရဲ့အမြင်ပိုင်းဆိုင်ရာအားလုံးက လက်တွေ့ ကမ္ဘာရဲ့အလှတရားကို စိတ်ကူးယဉ်နဲ့ အလယ်ခေတ် theme တွေနဲ့ ပြေပြေပြစ်ပြစ်ပေါင်းစပ်ဖို့ ဖန်တီးပေးထားပါတယ်။ Role-playing အမျိုးအစားကို နှစ်ခြိုက်ပြီးစိတ်အားသန်သူတွေနဲ့ သာမန်ဂိမ်မာတွေ အတွက်ပါ ဆွဲဆောင်အားဖြစ်စေတယ်။ Quest တွေနဲ့ activity တွေရဲ့ အရေအတွက်ပမာဏ၊ ဆွဲဆောင်အားကောင်းတဲ့ ဇာတ် ကြောင်းပြန်မှု ဇာတ်ကောင်တွေ က The Witcher 3 ကို လာ မယ့်နှစ်တွေအထိ အ ကောင်းဆုံး ဂိမ်း တစ်ခု ဖြစ်နေ စေဦးမှာပါပဲ။

Written By Modula-2

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com