6/09/2015

♪ Dell မှ ဘေးဘောင်မပါသည့် XPS 15 ကို ထုတ်လုပ် ♫

http://www.notebookcheck.net/uploads/tx_nbc2/dellXPS15_2012_.jpg

ပြီးခဲ့တဲ့နှစ်က Dell အနေနဲ့ borderless Infinity display ကို XPS 13 နဲ့အတူ မိတ်ဆက်ပေးခဲ့သလို၊ အခုအခါမှာလည်း တရုတ်တိုင်ပေမှာကျင်းပနေတဲ့ Computex ပွဲမှာတော့ Microsoft က XPS 15 ကို မိတ်ဆက်ပေးခဲ့ပါတယ်။

အခု Laptop ဟာ ဆိုရင် အင်မတန်ပါးလွှာတဲ့ bezel သာပါဝင်ပြီး၊ hardware အသစ်တွေနဲ့ ဒီနှစ်ရဲ့ ဒုတိယ ၆ လပတ်အတွင်းမှာ Windows 10 နဲ့အတူ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 2015 XPS 13 model ဟာဆိုရင် 1080p panel ပါဝင်ပြီး 3200x1800 resolution နဲ့ touchscreen ပါ။ Dell အနေနဲ့ XPS 15 ကိုလည်း အခုလိုပဲ touchscreen နဲ့ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပုံရပြီး၊ လက်ရှိပွဲမှာတော့ Dell ရဲ့ ကိုယ်စားလှယ်က လူတွေကို screen ကို သွားမထိရအောင် တားဆီးနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာကောင်းတဲ့ အိုင်ဒီယာပါ။

Microsoft အနေနဲ့ Windows 10 ကို အသုံးပြုပြီး ထုတ်လုပ်တဲ့ PC တွေအများကြီး ရှိလာအောင် PC ထုတ်လုပ်သူတွေကို စွဲဆောင်နေပြီး၊ touch အတွက်ရော၊ touch မပါတဲ့ PC တွေကိုပါ ထုတ်လုပ်သွားဖို့ကို တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်။

Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com