6/09/2015

♪ Apple Store မှာရတော့မယ့် Apple Watch ♫


Apple Watch တွေကိုလာမယ့် ၂ ပတ်အတွင်း Apple Store တွေမှာတင် ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကြရင် တစ်ချို့ မိုဒယ်တွေကစပြီးရောင်းနေမှာပါ။

အခုလတ်တလောမှာ online-only ဖြစ်ပေမယ့် မကြာခင်မှာပဲစတိုးမှာတင်ပြီးရောင်းပါတော့မယ်၊ မေလက စပြီးမှာထားတဲ့ နာရီတွေ အားလုံးလိုလိုလောက်ကိုလည်းလာမယ့် ၂ ပတ်အတွင်း ဖြန့်ဖြူးပေးသွားမယ်လို့ Apple က ပြောပါတယ်။ နောက်တစ်ခုက Apple အနေနဲ့ နာရီဈေးကွက်ကိုနောက်ထပ် ၇ နိုင်ငံချဲ့ ထွင်ပြီးဆွစ် ဇလန်၊ အီတလီ၊ မက္ကဆီကို၊ စင်ကာပူ၊ တောင်ကိုရီးယား၊ စပိန်နဲ့ ထိုင်ဝမ်တွေအထိတိုးချဲ့ သွားမှာပါ။ အဲဒီနေရာတွေမှာ Watch ဟာ online ရော၊ in-store အနေနဲ့မှာပါ ရနိုင်ပါလိမ့်မယ်။ ဇွန်လ ၂၆ ရက် သောကြာနေ့မှာစတင်ရောင်းချမှာဖြစ်ပြီး၊ စိတ်ရှည် လက်ရှည်စောင့်ဆိုင်းပေးလို့ ကျေးဇူးတင်ပါတယ် လို့ Apple ရဲ့ SVP of operation ဖြစ်တဲ့ Jeff Williams က ပြောပါတယ်။

စတိုးမှာဘယ်မိုဒယ်တွေကိုရောင်းမယ်ဆိုတာမပြောသေးပေမယ့်၊ လက်ရှိ online-only ထက်တော့ အများကြီးတိုးတက်လာတယ်ပြောရမှာပါ။ လက်ရှိမှာစတိုးမှာသွားပြီး Apple Watch ကိုစမ်းသပ်ကြည့်နိုင်ပေ မယ့်၊ ဝယ်လို့တော့ မရသေးပါဘူး။ ဝယ်ချင်ရင် အွန်လိုင်းကပဲဝယ်ရမှာပါ။

Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com