5/08/2015

♪ Yahoo က ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Index ကို တီထွင်နေ ♫

1

Yahoo က Google Now, Siri, Cortana တို့ကဲ့သို့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို တီထွင်နေကြောင်း သိရပါသည်။

Business Insider ၏ သတင်းအရ Yahoo က ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို Index ဟု အမည်ပေးထားပြီး ကြော်ညာများ ထည့်သွင်းထားမည် ဖြစ်သည်။ Index သည် Yahoo ၏ အီးမေးများမှ သတင်းအချက်အလက်များကို ရယူ၍ သင့်တော်ပြီး အသုံးဝင်သည့် သတင်းအချက်အလက်များကို ပံ့ပိုးပေးမည် ဖြစ်သည်။

Index ကို Xobni မှ ပြောင်းရွှေ့လာသော Jeff Bonforte နှင့် Peter Monaco တို့က ဦးဆောင်တီထွင်နေ ပါသည်။ သူတို့နှစ်ဦးက Yahoo သည် ဆယ်စုနှစ်နှစ်ခုကြာ သက်တမ်းရှိပြီ ဖြစ်သည့်အတွက် Google , Apple , Microsoft တို့ထက် အားသာချက်ရှိသည်ဟု ယုံကြည်နေပါသည်။ Google ၏ Gmail သက်တမ်းမှာ ဆယ်နှစ်သာရှိသေးသည်ဟု သိရပါသည်။

The Verge ၏ အဆိုအရ Yahoo က Index ၏ နမူနာဗားရှင်းကို ဧပြီလနှင့် ဇွန်လအတွင်း ဖြန့်ချီ မည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com