Gionee က ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်နိမ့်သည့် Pioneer P4S ကို
မိတ်ဆက်လိုက်ပါသည်။ စမတ်ဖုန်းအသစ်တွင် SIM Card နှစ်ခု အသုံးပြုနိုင်ပြီး
အိန္ဒိယ ရူပီး ၇၇၉၉ (ဒေါ်လာ ၁၂၅) ဖြင့် အိန္ဒိယတွင် ရောင်းချပေးမည် ဖြစ်သည်။
၎.၅ လက်မအရွယ် WVGA Display , Quad-Core 1.3GHz CPU ပါသည့် MediaTek MT6582 Chipset , 1GB RAM ပါရှိပါသည်။ 8GB Internal Storage , 5MP Rear Camera, 2MP Front Camera တပ်ဆင်ထားပါသည်။ အနောက်ဘက်ကင်မရာသည် HDR, Panorama, Face Recognition နှင့် အခြား ဓါတ်ပုံ အထူးပြုလုပ်ချက်များကို အသုံးပြုနိုင်ပါသည်။
Near Field Communication ကို အသုံးချနိုင်သည့် HotKnot စွမ်းဆောင်ချက်ပါရှိပါသည်။ Dual-SIM 3G ကို အထောက်အပံ့ပေးပြီး Android 4.4 KitKat နှင့် 1800mAh Battery ပါရှိပါသည်။
Myanmar Digital Life Journal