MPT
ဆင်းမ်ကတ် ပြန်လည်လျှောက်ထားခြင်းအား နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားတွင်
ဝန်ဆောင်မှုပေးနိုင် ရန် တိုးချဲ့နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
သိရသည်။ လက်ရှိ အချိန်တွင် သက်ဆိုင် ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည် ဟုသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆင်းမ်ကတ်ပြန် လည် လျှောက်ထားခြင်း အား နေရာ
သုံးခုတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း ရွှေဂုံတိုင် အိတ်ချိန်းမှ သိရသည်။
GSM, WCDMA ဆင်းမ်ကတ်များအတွက် ရွှေဂုံတိုင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင်လည်းကောင်း၊ GSM, WCDMA, CDMA 800
ဆင်းမ်ကတ်များအတွက် အလုံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံး
(ဗိုလ်ချုပ်လမ်းမကြီးပေါ်) တွင် လည်းကောင်း၊ GSM, WCDMA, CDMA 450
ဆင်းမ်ကတ်များအတွက် ပန်းဆိုးတန်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံး
(ပန်းဆိုးတန်းလမ်း) တွင်လည်းကောင်း ရုံးချိန်အတွင်း လျှောက်ထားနိုင်ကြောင်း
သိရသည်။
ဆင်းမ်ကတ်များ ပျောက်ဆုံး သို့မဟုတ်
ပျက်စီးရာတွင် micro, nano အရွယ်အစားများသို့ ပြောင်းလဲရာမှ
ပျက်စီးခြင်းကဲ့သို့ သုံးစွဲသူ၏ မှားယွင်းမှုကြောင့်ဖြစ်ပါ က ပြန်
လည်လျှောက်ထားရန် ၁,၅၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း၊ သုံးစွဲသူ၏
အမှားကြောင့် မဟုတ်သော ကတ်ပျက်ခြင်းများ အတွက် ပြန် လည် လျှောက်ထားပါက
လျှောက် ထားခ ကောက်ခံမည်မဟုတ်ကြောင်း သိရသည်။
လျှောက်ထားရန် အတွက် ပိုင်ဆိုင်သူ၏
မှတ်ပုံတင်မိတ္တူ၊ ဆင်းမ်ကတ်စာချုပ်၊ ဆင်းမ်ကတ် လျှောက်လွှာဖောင်၊ ပျက်စီးသော
ဆင်းမ်ကတ်ဆိုပါက ယင်းပျက်စီးနေသည့် ဆင်းမ်ကတ် စသည်တို့ လိုအပ်မည်ဖြစ်သည်။
ပုံမှန်အားဖြင့် ဆင်းမ်ကတ်ပြန်လည်လျှောက်ထားခြင်း အပြီးအစီးမှာ တစ်ရက်မှ
သုံးရက်အတွင်း ကြာမြင့်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အခြေအနေအပေါ် မူတည်၍
အချိန်အပြောင်းအလဲ ရှိနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
ထုတ်ပြန်ထားသည်။
Internet Journal