Facebook
သည် သုံးစွဲသူများ၏ မိုဘိုင်းထုတ်ကုန်များဖြင့် လူမှုရေး မီဒီယာပေါ်တွင်
သတင်းများ လျင်မြန်စွာ ဖတ်ရှုနိုင်ရန် Instant Articles feature
သစ်တစ်မျိုးကို ဖြန့်ချိခဲ့သည်။
Instant Articles သည် Facebook feed အတွင်းရှိ လင့်ခ်ကိုနှိပ်၍ သတင်းများ ဖတ်ရှုရာတွင် အခက်တွေ့ သူများအတွက် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်း feature သစ်သည် Facebook မိုဘိုင်း app တွင် သတင်းဖတ်ရှုရာတွင် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ပြီး မိုဘိုင်း ဝက်ဘ်ပေါ်ရှိ ဆောင်းပါးအများစုကို သာမန်အမြန်နှုန်းထက် ၁၀ ဆ လျင်မြန်သည့် နှုန်းဖြင့် ဖော်ပြ ပေး မည်ဖြစ်သည်။ ထိုသို့ ဝက်ဘ်ဆိုက်ပေါ်ရှိ သတင်းများကို လျင်မြန်စွာ ဖော်ပြပေးမည့်အပြင် သတင်းတွင် ပါဝင်သည့် ဓာတ်ပုံများကို ချဲ့ကြည့်ခြင်း၊ ဗွီဒီယိုများကို အလိုအလျောက် ပြပေးခြင်းနှင့် စာတန်းထိုးခြင်း စသည့် feature များကိုလည်း ထည့်သွင်းပေးထားသည်။ Facebook အနေဖြင့်၎င်း feature များထည့်သွင်းရန် ပူးပေါင်းထားသည့် သတင်းဝက်ဘ်ဆိုက်များမှာ The New York Times, National Geographic, BuzzFeed, NBC, The Atlantic, The Guardian နှင့် BBC News တို့ဖြစ်သည်။
အဓိကအားဖြင့် ယခု tool သည် Facebook ပေါ်ရှိ စာဖတ်သူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ထောက်ပံ့ပေးရန်အတွက် ထုတ်ဝေသူများအပေါ် ထောက်ကူပေးခြင်း ဖြစ်ကြောင်း၊ Instant Articles သည် content နှင့်စံပြ လုပ်ငန်းများကို မွမ်းမံထိန်းသိမ်း နေစဉ်အတွင်း ပိုမိုလျင်မြန် သည့် နှုန်းဖြင့် ဆောင်းပါးများကို ဖတ်ရှုနိုင်ရန် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ကုန် အကြီးအကဲ အရာရှိ ခရစ္စကော့ခ်က ပြောဆိုခဲ့သည်။
အဆိုပါ feature သည် Facebook ပေါ်တွင် သုံးစွဲသူများကို ပိုမိုဆွဲဆောင်ပြီး ၎င်းတို့၏ အတွေ့အကြုံများကို တိုးတက်လာစေရန် ရည်မှန်းထားသည်။ ယခင်က သုံးစွဲသူများသည် Facebook ၏ feed တွင် သတင်းလင့်ခ်များ click နှိပ်၍ ဖတ်ရှုသည့်အခါ သတင်းဝက်ဘ်ဆိုက်သို့ ရောက်ရှိသွားပြီး ဝက်ဘ်ဆိုက် loads များကြောင့် အချိန်ကြာမြင့်စွာ စောင့်စားခဲ့ရသည်။ ယခုအခါ Facebook သည်၎င်း feature ကို iPhone ၏ app တွင် ထည့်သွင်းထားကြောင်း ပြောဆိုခဲ့သော်လည်း Andrid ဗားရှင်းအတွက် ဖြန့်ချိ သွားခြင်း ရှိ၊ မရှိကို ပြောကြားခဲ့ခြင်း မရှိပေ။
Ref : CNET

Internet Journal