3/20/2015

♪ LG G Flex2 စမတ်ဖုန်း မော်ဒယ်သစ် ပြည်တွင်းဈေးကွက်သို့ မကြာမီ ဝင်ရောက်မည် ♫


LG ၏ မျက်နှာပြင်ကွေး စမတ်ဖုန်းတစ်ခုဖြစ်သော G Flex မော်ဒယ်၏ ဒုတိယမျိုးဆက် G Flex2 မော်ဒယ် စမတ်ဖုန်းအား ယခုနှစ် ဧပြီလ၏ နောက်ဆုံးပတ်၌ ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း LG ၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ စမတ်ဖုန်းသည် မြင်ကွင်းအရွယ်အစား ၅.၅ လက်မရှိကာ G Flex ကဲ့သို့ ကွေးနိုင်ဆန့်နိုင်သည့် Curved P-OLED Display အမျိုးအစားကို အသုံးပြုထားပြီး နောက်ဘက် ကာဗာသည် ခြစ်ရာ၊ အစင်းရာ များကို အလိုအလျောက် ဖျောက်နိုင်သည့် Self-healing ကာဗာအမျိုးအစားဖြစ်ကြောင်း သိရသည်။

အမြန်နှုန်း 1.5 GHz နှင့် 2.0 GHz processor နှစ်လုံး ထည့်သွင်းအသုံးပြုထားသည့် Octa-core Snapdragon 810 CPU အမျိုးအစားဖြစ်ပြီး 2 GB RAM, 16 ROM နှင့် 3 GB RAM, 32 GB ROM ဟူ၍ အမျိုးအစားနှစ်မျိုး ထုတ်လုပ်ထားသည်။ နောက်ဘက်ကင်မရာမှာ 13 MP အမျိုးအစားဖြစ်ပြီး ရှေ့ဘက်ကင် မရာမှာ 2.1MP အမျိုးအစားဖြစ်သည်။

Android OS 5.0.1 (Lollipop) ကို ထည့်သွင်းထားပြီး ဘက်ထရီမှာ 3000 mAh ရှိမည် ဖြစ်ကြောင်း သိရသည်။ LG G Flex2 စမတ်ဖုန်းအား LG မှ ယခုနှစ် မတ်လ ၁၃ ရက်မှ တစ်ကမ္ဘာလုံးသို့ ကြိုတင်မှာ ယူစနစ်ဖြင့် စတင်ရောင်းချခဲ့ပြီး ပြည်တွင်း၌ ကန်ဒေါ်လာ ၆၉၉ နှင့်ညီမျှသည့် မြန်မာကျပ်ငွေဖြင့် ဝယ်ယူနိုင် မည် ဖြစ်ကြောင်းသိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com