3/31/2015

♪ Gionee က Dual-SIM Elife S7 ကို အိန္ဒိယတွင် ရောင်းချမည် ♫

၁

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Gionee က Mobile World Congress တွင် ပြသခဲ့သော Elife S7 ကို ဧပြီလ သုံးရက်နေ့တွင် အိန္ဒိယ၌ ရောင်းချပေးတော့မည် ဖြစ်သည်။ Elife S7 သည် အထူ ၅.၅ မီလီမီတာသာ ရှိပြီး အပါးလွှာဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်ပါသည်။

Elife S7 တွင် ၅.၂ လက်မအရွယ် 1080p AMOLED Display , 64-bit MediaTek MT6752 SoC , 2GB RAM, 16GB Storage ပါရှိပါသည်။ Dual-SIM အမျိုးအစားဖြစ်ပြီး အနက်၊ အဖြူနှင့် အပြာနုရောင်များ ထုတ်လုပ်ပေးထားပါသည်။

SIM Card Slot နှစ်ခုစလုံးတွင် 4G ကို တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးနိုင်ပါသည်။ 2750mAh Battery ပါရှိပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com