3/25/2015

♪ Samsung Galaxy Win 2 ကို ဘရာဇီးတွင် ရောင်းပြီ ♫

1

Samsung က Galaxy Win ပထမဆုံး မျိုးဆက်ကို ထုတ်လုပ်ရောင်းချခဲ့သည်မှာ နှစ်နှစ်ကြာပြီ ဖြစ်သည်။ ယခုအခါ သူ၏ မျိုးဆက် Galaxy Win 2 ကို ဘရာဇီးတွင် တရားဝင်ကြေညာလိုက်ပါသည်။

ဒုတိယမျိုးဆက်သည် ပထမမျိုးဆက်၏ မျက်နှာပြင်အရွယ်အစားဖြစ်သည့် ၄.၇ လက်မ ထက် သေးငယ် သွားပြီး ၄.၅ လက်မ ဖြစ်ပါသည်။ Resolution မှာ တူညီပြီး 800×480 ဖြစ်ပါသည်။

Samsung Galaxy Win 2 တွင် 1.2GHz Quad-Core Processor, 5MP Rear Camera, 2MP Front Camera , 1GB RAM, 8GB Internal Storage တို့ တပ်ဆင်ထားပြီး microSD Card ထည့်သွင်းနိုင်ပါသည်။ 2000mAh Battery ပါရှိပြီး Android 4.4.4 KitKat မောင်းနှင်မည် ဖြစ်သည်။ 4G LTE ကို အထောက်အပံ့ပေးပြီး Dual-SIM ထည့်သွင်းနိုင်ပါသည်။

ယခင်မျိုးဆက်ထက် ကောင်းမွန်သည့်အချက်မှာ 4G ကို အထောက်အပံ့ပေးခြင်းနှင့် မျက်နှာချင်းဆိုင် ကင်မရာကို VGA မှ 2MP သို့ အဆင့်မြှင့်ထားခြင်း ဖြစ်ပါသည်။ Galaxy Win 2 ကို အနက်ရောင်နှင့် အညိုရောင်နှစ်မျိုး ထုတ်လုပ်ပေးထားပြီး ဘရာဇီးတွင် ရောင်းချပေးနေပြီ ဖြစ်သည်။

Digital TV စွမ်းဆောင်ချက် မပါသည့် အမျိုးအစားကို BRL 729 ( ဒေါ်လာ ၂၃၃ ) နှင့် အဆိုပါ စွမ်းဆောင်ချက်ပါသည့် အမျိုးအစားကို BRL 779 ( ဒေါ်လာ ၂၄၉) သတ်မှတ်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com