3/24/2015

♪ Apple MacBook Pro ရဲ့ အားသာချက် ၊ အားနည်းချက် ၊ Battery နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
Apple ၏ အဆင့်မြှင့်တင် ထားသည့် ၁၃ လက်မအရွယ် MacBook Pro တွင် Force Touch trackpad နှင့်သက်တမ်း ကြာရှည်ခံသည့် ဘက်ထရီအပြင် Intel CPU သစ်တို့ပါဝင်လာသလို port များစွာလည်း ပါဝင်သည်။

အားနည်းချက်
Apple MacBook Pro တွင် အဆင့်မြှင်တင်မှု အနည်းငယ်သာ ပါဝင်ပြီး နောက်ပိုင်း ထွက်ရှိလာသည့် ၁၃ လက်မအရွယ် laptop များသည် ပိုမိုပါးလွှာလာပြီး အလွန်ပေါ့ပါးမှု ရှိသည်။

အသေးစိတ်ဖော်ပြချက်
ယခုဖော်ပြပါ ၁၃ လက်မ Apple MacBook Pro သည် ယခင်ထွက်ရှိထားသော ထုတ်ကုန်ကို အနည်းငယ် အဆင့်မြှင့် ထားခြင်းဖြစ်သည်။ ၎င်းတွင်ရုပ်ထွက် အရည်အသွေး မြင့်မားသော Retina display နှင့် အလူမီနီယမ် ကိုယ်ထည် တို့ဖြင့်ပင် ပွဲထွက်လာသည်။ Apple MacBook Pro တွင် အဆင့်မြှင့်တင်မှုများအဖြစ် Intel ၏ ပဉ္စမမြောက် မျိုးဆက် Broad-well ဟုအမည်ရသည့် Core i-series ချစ်ပ်များ ပါဝင်လာသည်။ ၎င်းထုတ်ကုန်တွင် အဆင့်မြှင့်တင် ထားမှုမှာ နည်းပါးသော်လည်း ဘက်ထရီ သက်တမ်းကို အကြီးအကျယ် တိုးမြှင့်ထားပြီး သုံးစွဲရာတွင် အလွန်မြန်ဆန်မှု ရှိစေရန် flash memory ကိုတိုးတက်အောင် လုပ်ဆောင် ထားသည်။
Apple MacBook Pro တွင် OS X Yosemite 10.10.2 ထည့်သွင်းထားပြီး ၁၃ လက်မ 2,560x1,600 megapixel မျက်နှာပြင်နှင့် 2.7GHz Intel Core အပြင် 8GB DDR3, 1,536MB Intel HD IrIs Graphics 6100 နှင့် 128GB SSD တို့ ပါဝင်လာသည်။ ထို့အပြင် Apple ၏ အဆင့်မြှင့်တင်မှု အသစ်များတွင် Force Touch trackpad  မှာ စံသတ်မှတ်ချက် အသစ်တစ်ခုအဖြစ် ပါဝင်လာသည်။

ဘက်ထရီ
Apple ၏ MacBook Pro တွင် CPU အသစ်များ အသုံးပြုထား သောကြောင့် စွမ်းအင်သက်သာပြီး ဘက်ထရီ သက်တမ်းကို တာရှည်ခံစေသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com