3/26/2015

♪ HTC One M9 နှင့် Samsung Galaxy S6 Edge တို့ရဲ့ နှိုင်ယှဉ်ချက် အားသာချက် အားနည်းချက်များ ♫


HTC ဟာ 2015 ခုနှစ်အတွက် အထင်ရှားဆုံးစမတ်ဖုန်းအဖြစ် HTC One M9 ကို သတ်မှတ်ရွေး ချယ်နိုင်အောင် ကြိုးစားသွားမယ်လို့ MWC ပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ HTC ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Samsung ကလည်း Galaxy S6 Edge ကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။ HTC One M9 ရဲ့ ဒီဇိုင်းကို M8 နဲ့ကွဲပြားအောင် ပြောင်းလဲထားတာမျိုးမဟုတ်ဘဲ မူလ HTC One နဲ့တောင် ဆင်တူနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။ One M9 မှာ HTC Sense UI 7.0 ကို Android OS 5.0 Lollipop နဲ့တွဲဖက်သုံးနိုင်အောင် ထည့်ပေးထားတာကို မြင်တွေ့နိုင်ပါတယ်။

Dual-LED Flash နဲ့အတူ အဓိက ကင်မရာ 20.7MP ဟာ 2160p ဗီဒီယိုများကို 30fps နဲ့ ရိုက်ကူးနိုင် ပါတယ်။ ရှေ့ဘက်ကင်မရာက 4MP တပ်ဆင်ထားပါတယ်။ ဖုန်းတွင်း အချက်အလက်သိုလှောင်ဖို့ 32GB ထားပေးပြီး 128 GB ထိတိုးမြှင့်နိုင်ပါတယ်။ Samsung Galaxy S6 Edge မှာ လက်ဗွေရာ စနစ်ရဲ့ ကောင်းမွန်အသုံးတည့်မှုကို တွေ့ရမှာပါ။ Memory အတွက် 32GB/64GB/128GB ရွေးချယ်စရာ 3 မျိုးရှိပြီး Card Slot မပါဝင်ပါဘူး။ One M9 ကော S6 Edge အတွက် Fast Battery Charging စနစ်ကို သုံးနိုင်လို့ တစ်နေ့တာ အတွက် လုံလောက်တဲ့ ပမာဏကို ရရှိနိုင်ပါလိမ့်မယ်။

* * * Design
=========
HTC One M9 ဟာ သတ္တုကိုယ်ထည်ကိုသာ ဆက်လက်ဖွဲ့စည်း ထားပါတယ်။ Boom Sound စပီကာကို Display ရဲ့ အပေါ်နဲ့အောက်တပ်ဆင်ထားပါတယ်။ ကိုယ်ထည် အပေါ်၊ အောက် သိသာအောင် ပလတ်စတစ်လိုင်းနှစ်ခုနဲ့ ကန့်လန့်ဖြတ် ဒီဇိုင်းဆင်ထားပါတယ်။

Galaxy S6 Edge ရဲ့ ဘေးဘောင်တွေကို အလူမီနီယမ်နဲ့ အစားထိုးတည်ဆောက်ထားပြီး ရှေ့မျက်နှာပြင် သာမက ကျောဘက်ကိုပါ Gorilla Glass4 နဲ့ဖုံးအုပ်ပေးထားပါတယ်။ ပလပ်စတစ်ကိုယ်ထည် ကိုကျောခိုင်းပြီး သတ္တုအသွင်နဲ့ ပေါ်ထွက်လာတာဖြစ်ပါတယ်။

* * * Processor
===========
HTC One M9 ဟာ M8 နဲ့ကွာခြားရတဲ့အချက်က Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 810 64bit Octa-Core Processor ကိုထည့်သွင်းအသုံးပြုထားပြီး RAM 3GB နဲ့ စွမ်းဆောင်ရည် ကောင်းမွန် ပါတယ်။ ဂရပ်ဖစ်ကတော့ အဆင့်မြင့် Adreno 430 ပါဝင်ပါတယ်။

Galaxy S6 Edge မှာ Samsung ရဲ့ကိုယ်ပိုင် Exynos 7420 Chipset ကို အသုံးပြုထားပြီး 64bit Octa-Core Processor လည်း ပါဝင်လို့ စွမ်းဆောင်ရည်ပိုင်းအတွက် စိတ်ချရပါတယ်။ ဂိမ်းနဲ့ app တွေအတွက် 3GB RAM နဲ့ ဂရပ်ဖစ် Mali-1760 တို့က ထေက်ပံ့ပေးပါလိမ့်မယ်။

* * * Display
=========
M9 ဟာ ၅ လက်မအရွယ် display ဖြစ်ပြီး ကိုယ်ထည်အတိုင်းအတာကအစ အတော်လေး M8 နဲတူပါတယ်။ Super LCD 3 Capacitive touchscreen အမျိုးအစားဖြစ်ပြီး FullHD ရုပ်ထွက်အတွက် 441ppi ထိပါဝင်တာမို့ ကြည်လင်ပြတ်သားမှုကို တွေ့မြင်နိုင်ပါတယ်။

ရုပ်ထွက်အရည်အသွေး 1440x2560 pixels ပေးနိုင်တဲ့ AMOLED 5.1 လက်မ display ဟာ Pixels သိပ်သည်းဆ 577ppi ပါဝင်ပါတယ်။ မျက်နှာပြင် အပြင်ဘက် ဘေးအစွန်းမှာ ခုံးပြီးထွက်နေတဲ့ နောက်ထပ် Screen တစ်ခုကိုလည်း အချိုးကျလှပအောင် ဖန်တီးထားပါတယ်။

* * * Verdict
========
HTC One M9 ဟာ ပိုမိုကောင်းမွန်ဖို့ မြှင်တင်ထားတာဖြစ်တာကြောင့် HTC ကို ကြိုက်နှစ်သက်သူတိုင်း M9 ကို စွဲလမ်းကြဦးမှာပါ။ One M9 မှာ အားကောင်းတဲ့ processor အပါအ၀င် နောက်ထပ်အဆင့်မြင့်တဲ့ Software တွေ ပေါင်းစပ်ပါဝင်တာမို့ အသစ်စက်စက်ဖုန်းတွေကို စောင့်မျှော်နေသူတွေအတွက် ကျေနပ် နိုင်ကြပါလိမ့်မယ်။

Samsung Galaxy S6 Edge ဟာ အခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် ထူးခြားတဲ့ ဒီဇိုင်းကြောင့် ထင်ရှားပေါ်လွင်နေမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အမြင်ပိုင်းမှာ တန်ဖိုးကြီး အဆင့်မြင့်ဖုန်းမှန်း ကြည့်လိုက်တာနဲ့ သိသာနေပြီး သုံးစွဲသူတွေကို အသစ်အဆန်းဖြစ်နေအောင် ဖန်တီးပေထားပါတယ်။

Credit : Net Guide Journal
Ref: Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com