3/31/2015

♪ Windows 10 browser သစ် Project Spartan ကို စမ်းသပ်အသုံးပြုနိုင် ♫


သုံးစွဲသူများ စောင့်ဆိုင်းနေကြသည့် Microsoft ၏ browser သစ် Project Spartan ကို ယခုအခါ စမ်းသပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံး ဖြန့်ချိထားသည့် Windows 10 build 10049 တွင် Project Spartan preview ဗားရှင်းပါဝင်လာသည်။ သို့သော်လည်း အဆိုပါ browser သစ်တွင် feature အချို့ ပါဝင်လာခြင်း မရှိသေးကြောင်း သိရသည်။ သို့ရာတွင် ၎င်း preview ဗားရှင်းတွင် Cortana, ink support, reading list/reading view နှင့် Spartan rendering engine သစ်တို့ ပါဝင်လာကြောင်း Microsoft မှ ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ အဆိုအရ Project Spartan preview ဗားရှင်းကို လူတိုင်း အသုံးပြုနိုင်ခြင်း မရှိသေးဘဲ Windows 10 ကို စမ်းသပ်သုံးစွဲသူများကသာ Windows Update မှတစ်ဆင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Ref: TheNextWeb
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com