3/26/2015

♪ Xiaomi က 4G Dual-SIM Redmi 2 ကို ရောင်းချ ♫

1

ရှောင်မီက SIM Card Slot နှစ်ခုစလုံးတွင် 4G ဆက်သွယ်မှုကို အထောက်အပံ့ပေးသော Redmi 2 ကို အိန္ဒိယတွင် ရောင်းချပေးလိုက်ပါသည်။ 8GB အမျိုးအစားကို ရူပီး ၆၉၉၉ (ဒေါ်လာ ၁၁၂) သတ်မှတ်ထားပြီး အကန့်အသတ်ဖြင့် ထုတ်လုပ်မည် ဖြစ်သော 2GB RAM ပါသည့် 16GB အမျိုးအစားကို နောက်ပိုင်း တွင် ရောင်းချမည် ဖြစ်သည်။

Redmi 2 ကို Flipkart တွင် ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့တွင် စတင် ရောင်းချမည်ဖြစ် သည်။

Redmi 2 တွင် ၄.၇ လက်မ HD Display တပ်ဆင်ထားပြီး AGC Dragontrail Glass ဖြင့် ကာကွယ်ထား ပါသည်။ 64-bit Quad-Core Qualcomm Snapdragon 410 Chipset တပ်ဆင်ထားပါသည်။ 8GB အမျိုးအစားတွင် 1GB RAM နှင့် 16GB တွင် 2GB RAM ပါရှိပါသည်။ Android 4.4.4 KitKat ကို MIUI v6 ဖြင့် ပေါင်းစပ်ထားပါသည်။

Redmi 2 ၏ အနောက်ဘက်တွင် 8MP Camera နှင့် LED Flash ပါရှိပြီး Full HD Video များကို ရိုက်ကူးနိုင်ပါသည်။ အရှေ့ဘက်တွင် HD Video များကို ရိုက်ကူးနိုင်သည့် 2MP Camera တပ်ဆင်ထားပါသည်။ Wi-Fi Direct, Bluetooth 4.0 LE, USB Host, USB OTG, FM Radio တို့ပါရှိပြီး 2200mAh Battery တပ်ဆင်ထားပါသည်။

Xiaomi Redmi 2 သည် ဈေးနှုန်းအရ Motorola Moto E (2015) 3G Dual-SIM နှင့် ယှဉ်ပြိုင် မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com