VAIO သည် Sony နှင့် လမ်းခွဲလိုက်ပြီးနောက် ပထမဆုံး ကိုယ်ပိုင်
စမတ်ဖုန်းကို ထုတ်လုပ်လိုက်ပါသည်။ VAIO Phone ဟု အမည်ပေးထားပြီး မတ်လ ၂၀
ရက်နေ့တွင် ဂျပန်၌ ရောင်းချပေးမည် ဖြစ်သည်။
VAIO Phone တွင် ငါးလက်မ အရွယ် 720p Display ၊ Android 5.0 ၊ 13MP Camera ၊ 2GB RAM ၊ 1.2GHz Processor တပ်ဆင်ထားပါသည်။ VAIO Phone သည် Nexus 4 နှင့် ဒီဇိုင်းဆင်တူသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ အရောင်တောက်ပြောင်ပြီး ပြားချပ်သည့် အနောက်ဘက် အခွံကို အသုံးပြုထားပါသည်။ ဘေးဘောင်နှစ်ဘက်တွင် ကွေးညွတ်သော ပလတ်စတစ်ကို ထည့်သွင်းထားပါ သည်။
VAIO က သူ၏ စမတ်ဖုန်းကို ရိုးရှင်းပြီး စတိုင်ကျသည်ဟု တင်စားပါသည်။ VAIO Phone ကို ဂျပန်တွင် ယမ်း ၅၁ ၀၀၀ (ဒေါ်လာ ၄၂၀ ) ဖြင့် ရောင်းချမည် ဖြစ်သည်။