Huawei ကုမ္ပဏီဟာ ဧပြီလ ၁၅ရက်နေ့မှာ
အကြီးစားထုတ်ကုန်သစ်ကိုမိတ်ဆက်သွားမယ်လို့ အတည်ပြုခဲ့ပြီး FlagShip
ဖုန်းအသစ် P8 ဖြစ်နိုင်တယ်လို့ အားလုံးကထင်ကြေးပေးနေပါတယ်။ ဒါ့အပြင်
အတည်ပြုပြီးနောက်တစ်နေ့မှာပဲ ထွက်၇ှိလာမယ့်ဖုန်း၇ဲ့ သတ္တု Frame
နဲ့ပုံရိပ်ထွက်ပေါ်လာခဲ့ပါတယ်။
ပုံထဲမှာမြင်တဲ့အတိုင်း ထွက်လာခဲ့တဲ့ပုံရိပ်ဟာ ဖုန်း၇ဲ့ အောက်ခြေကျောဘက်ကိုသာမြင်ရသေးတာပါ။ ဒါပေမယ့် သတ္တုကိုယ်ထည်ကတော့ထင်ရှားနေပါတယ်။ဒါဟာ Prototype တစ်ခုသာဖြစ်သေးတဲ့အတွက် တကယ်တမ်းထွက်လာမဲ့အချိန်မှာတော့ပြောင်းလဲမှုတွေပါဝင်လာဦးမှာပါ။ ဒီပုံထဲမှာတော့ Speakerနှစ်လုံးပါဝင်တာတွေ့ရပါတယ်။
နောက်ဆုံးထွက်ခဲ့တဲ့သတင်းတွေအရတော့ P8ဟာ 5.2” 1080p touch Screenနဲ့ Octa Core CPU တို့ပါဝင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် 13MP Dual Camera, 3GB RAM နဲ့2600mAh ဘက်ထရီတွေ ပါဝင်နိုင်ပါတယ်။
Credit:TechSpace Journal