3/24/2015

♪ Google က Hardware များအတွက် Google Store ကို ဖွင့်လှစ် ♫

2

Google က Google Play Store မှ နေ၍ Hardware ထုတ်ကုန်များ ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီး Hardware များအတွက် သီးသန့် Google Store ကို ဖွင့်လှစ်ပေးလိုက်ပါသည်။

Google က အခြား ကုမ္ပဏီများနှင့် တွဲဖက် ထုတ်လုပ်သည့် Hardware ထုတ်ကုန်များကို Google Store မှနေ၍ ရောင်းချပေးမည် ဖြစ်သည်။ Google Store ကို www.store.google.com မှနေ၍ သွားရောက်နိုင်မည် ဖြစ်သည်။ အဆိုပါ စတိုးတွင် Nexus Phones, Nexus Tablets, Chromecast, Chromebooks, Android Wear Devices , Nexus Player များနှင့် Accessories များဖြစ်သည့် Cases, Keyboards, Charger များကို ရောင်းချပေးမည် ဖြစ်သည်။

ထို့အပြင် Google ၏ Hardware များတွင် Search , Maps, YouTube တို့ကဲ့သို့ ၀န်ဆောင်မှုများကို အသုံးပြုနည်းများကိုလည်း ပြသပေးမည် ဖြစ်သည်။ Google က အရောင်းမြှင့်တင်သည့်အနေဖြင့် Google Store တွင် ၀ယ်ယူသည့် ပစ္စည်းများကို အခမဲ့ ပို့ဆောင်ပေးမည် ဖြစ်သည်။ Google Play Store တွင်မူ Apps, Media များကို ဆက်လက်ရောင်းချပေးမည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com