3/28/2015

♪ ပြည်တွင်းထုတ် Software များကို နိုင်ငံတော်အဆင့် ပြသမည် ♫


Myanmar Software Showcase အမည်ဖြင့် ပြည်တွင်းထုတ် Software များကို နိုင်ငံတော်အဆင့် ပထမဦးဆုံးအကြိမ် ပြသသွားမည်ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က သတင်း ထုတ်ပြန်ထားသည်။

Enterpreneur များ တီထွင်ဖန်တီးထာသည့် Software များကို အဓိကထားပြသမည်ဖြစ်ပြီး အဆိုပါပြပွဲ ကို မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီက ဦးဆောင်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ပြပွဲကို နေပြည်တော် MICC II ၌ ဧပြီလ ၂ ရက်နှင့် ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတ ကိုယ်တိုင် တက်ရောက်မည်ဟု သိရသည်။ ပြည်တွင်းရှိလူငယ်များ တီထွင်ဖန်တီးထားသည့် Software များကို ပြခန်းပေါင်း ၄၅ ခန်း၌ ပြသသွားမည်ဖြစ်ပြီး ပြည်တွင်းနည်းပညာ ကုမ္ပဏီကြီးများမှ ဖန်တီးထား သည့် Software များကို ပြခန်းပေါင်း ၂၀ ၌ ပြသသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က သတင်း ထုတ်ပြန်သည်။

“ပြည်တွင်းက လူငယ်တွေကလည်း လုပ်နိုင်ကိုင်နိုင်ကြပါတယ်ဆိုတာကို ပြသချင်တယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဦးဇော်မင်းဦးက ပြပွဲနှင့်ပတ်သက်၍ ပြောသည်။

Software များကို ပညာရေး၊ ကျန်းမာရေး၊ ဝန်ဆောင်မှု၊ eGovernment စသည့်ဖြင့် အမျိုးအစား အများအပြား ခွဲခြားပြသမည်ဖြစ်ပြီး ပြပွဲကို မည်သူမဆို လာရောက်လေ့လာနိုင်သည်ဟု သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com