3/26/2015

♪ Facebook Messenger တွင် ကုမ္ပဏီများနှင့် တိုက်ရိုက် စကားပြောနိုင်မည် ♫

messenger_business-2-730x461


Facebook Messenger တွင် သူငယ်ချင်းများနဲ့သာမက ကုမ္ပဏီများနှင့် တိုက်ရိုက် စကားပြောနိုင်မယ်လို့ စီအီးအို Mark Zuckerberg က ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်တဲ့ F8 Developer Conference မှာ ကြေညာ ပါတယ်။

အဲဒီ ၀န်ဆောင်မှုကို Messenger Business လို့ အမည်ပေးထားပြီး ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ၊ အရောင်းဆိုင်များနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး စုံစမ်းမှုများ၊ စာရင်းပေးသွင်းမှုများ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါ တယ်။ Facebook က မကြာမီကလည်း Messenger ကနေ ငွေပေးပို့နိုင်တဲ့ ၀န်ဆောင်မှု ကို ကြေညာခဲ့တဲ့အတွက် Messenger ကနေ ဈေးဝယ်ယူမှုများ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Messenger Button ကို Third-Party Apps များမှာ ထည့်သွင်းနိုင်အောင် ပြုလုပ်ပေးလိုက်တဲ့ အတွက် အခြား Apps များမှ သတင်းအချက်အလက်များကို Messenger ကနေ တစ်ဆင့် သူငယ်ချင်းများနဲ့ လွယ်ကူလျှင်မြန်စွာ မျှဝေနိုင်တော့မှာပါ။ ဥပမာအားဖြင့် ESPN App ကို အသုံးပြုနေရင်းက သတင်းအချက် အလက်တစ်ခုကို မျှဝေချင်ရင် Messenger Button ကို နှိပ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ကြေညာချက်တစ်ခုကတော့ Messenger ကနေ Apps များ မျှဝေနိုင်တာပါ။ သူငယ်ချင်း တစ်ယောက်က Messenger ကနေ သင့်ထံ App တစ်ခုပေးပို့လိုက်တာနဲ့ သင်က Messenger ကနေပဲ App ကို အင်စတောလုပ်နိုင်တာ ဖြစ်ပါတယ်။

Facebook က Messenger Business ကို ကုမ္ပဏီအချို့နဲ့ စတင် လုပ်ဆောင်မှာ ဖြစ်တယ် လို့ ကြေညာပေမယ့် ၀န်ဆောင်မှုပေးမယ့် အချိန် အတိအကျကို ကြေညာခြင်း မရှိသေးပါဘူး။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com