3/25/2015

♪ ဘေးဘောင်မပါဝင်သည့် Oppo R7 စမတ်ဖုန်း ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo ၏ အသစ်ထွက်ရှိမည့် R7 စမတ်ဖုန်းဒီဇိုင်းကို ဖော်ပြထားသည့် ဗွီဒီယို သည် တရုတ်လူမှုရေးမီဒီယာ youku ဆိုက်၌ ထွက်ပေါ်လာကြောင်း သိရသည်။

၎င်းဗွီဒီယို၏ ဖော်ပြချက်အရ မျက်နှာပြင်အရွယ်အစား ကြီးမားသော Oppo R7 တွင် ဘေးဘောင် မပါဝင်ကြောင်း ဗွီဒီယိုမှ ပြန်လည်ရိုက်ကူးထားသော ပုံတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ ဘေးဘောင် မပါဝင်သည့် စမတ်ဖုန်းကို Sharp Aquos Crystal က ထုတ်လုပ်ခဲ့ဖူးသော်လည်း ၎င်းတွင် ဘေးဘောင် အနည်းငယ် ပါဝင်သည်။

အခြားထွက်ပေါ်လာသည့် အသေးစိတ် အချက်အလက်များအရ Oppo R7 တွင် octa-core MediaTek ပရိုဆက်ဆာ၊ 4G ထောက်ပံ့မှုနှင့် ကျောဘက်ကင်မရာ 20.7 megapixel ပါဝင်လာဖွယ်ရှိကြောင်း၊ ဖုန်း၏အထူမှာ R5 ကဲ့သို့ ၄.၈၅ မီလီမီတာဖြင့် ပွဲထွက်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

တရုတ်ဝက်ဘ်ဆိုက် youku ရှိ Oppo R7 ဗွီဒီယိုသည် နိုင်ငံအချို့အတွက် ဒေသအလိုက် ကန့်သတ်မှု ရှိသောကြောင့် အချို့နေရာများတွင် ကြည့်ရှု၍ မရနိုင်ပေ။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com