Microsoft က သူ၏ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ကို သီးခြား App တစ်ခုအနေဖြင့် iOS နှင့် Android အတွက် ပြုလုပ်ရန် စီစဉ်နေပါသည်။ Microsoft က Cortana ကို အခြား Operating System များအတွက် ပြုလုပ်ပေးမည်ဟု ယခင်ကတည်းက ပြောကြားထားခဲ့ပြီး ယခုအခါ Reuters ၏ သတင်းအရ Cortana App ကို iOS နှင့် Android မောင်းနှင်သော စမတ်ဖုန်းနှင့် တက်ဘလက်များအတွက် ပြုလုပ်ပေးမည်ဟု သိရပါသည်။
Reuters နှင့် Microsoft Research မှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဖြစ်သူ Eric Horvitz တို့၏ အင်တာဗျူးတွင် Microsoft သည် ယခုနှစ်နှောင်းပိုင်းတွင် Cortana ကို ပလက်ဖောင်းများစွာ အတွက် ဖြန့်ချီပေးရန် စီစဉ်နေသည်ဟု ပြောကြားပါသည်။ Microsoft သည် ယခုအချိန်တွင် Artificial Intelligence မှ ဒေတာများကို အသုံးချနိုင်သော အဆင့်မြင့် Cortana ကို တီထွင်နေပါသည်။ အဆိုပါ စီမံကိန်းကို Einstein ဟု လျှို့ဝှက်အမည်ပေးထားကြောင်း သိရ့ပါသည်။ Einstein နှင့် ပတ်သက်၍ Reuters က အသေးစိတ် မရေးသားထားသော်လည်း Cortana ၏ သင်ယူနားလည်နိုင်စွမ်း မြင့်မားလာပြီး အလုပ်များကို အလိုအလျှောက် ပြုလုပ်နိုင်မည့် ပုံပေါ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။
Microsoft က Cortana ထည့်သွင်းထားသော Windows 10 ကိုလည်း ပြုလုပ်နေပြီး ယခုနှစ်နှောင်းပိုင်း တွင် Android , iOS တို့အတွက် ပြုလုပ်ထားသော Cortana App နှင့် အတူ ဖြန့်ချီ မည်ဟု မျှော်လင့်ရ ပါသည်။