3/24/2015

♪ အကြမ်းခံသော Samsung Galaxy Xcover 3 ကို ကြေညာ ♫

1

စွမ်းဆောင်ရည်သင့်ပြီး အကြမ်းခံသော Samsung Galaxy Xcover 3 ကို ကြေညာလိုက်ပါသည်။ ၄.၅ လက်မ အရွယ် WVGA Display နှင့် Quad-Core 1.2GHz Processor တပ်ဆင်ထားပါသည်။

1.5GB RAM, 8GB Internal Storage အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ ရေစိုခံသည့် အတွက် အနောက်ဘက် 5MP Camera ဖြင့် ရေအောက်ဓါတ်ပုံများ ရိုက်ကူးနိုင်ပြီး မျက်နှာချင်းဆိုင်တွင် 2MP Camera ပါရှိပါသည်။ 2200mAh Battery ပါရှိပြီး LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပါသည်။

Android 4.4 KitKat ထည့်သွင်းထားပြီး နောက်ပိုင်းတွင် Lollipop ကို အဆင့်မြှင့်ပေးမည် ဖြစ်သည်။ Samsung Galaxy Xcover 3 ၏ အကြမ်းခံသည့် စံနှုန်းသည် Galaxy S5 Active နှင့် တူညီပါသည်။ ဆား၊ ဖုန်၊ ရေခိုးရေငွေ့၊ မိုးရေ၊ တုန်ခါမှု၊ နေရောင်ခြည် နှင့် အပူချိန်များကို အထူး ခံနိုင်ရည်ရှိပါသည်။ IP67 စံနှုန်း ရှိသည့်အတွက် ဖုန်မှုန့်များ မ၀င်နိုင်သကဲ့သို့ ရေအနက် တစ်မီတာအထိ နာရီဝက်ကြာ ယူဆောင် အသုံးပြုနိုင်ပါသည်။

Galaxy Xcover 3 ကို ရောင်းချမည့် နေ့ရက်နှင့် ဈေးနှုန်းကို ကြေညာခြင်းမရှိသေးပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com