3/26/2015

♪ ESPN နှင့် Weather Channel ကဲ့သို့ app များကို Facebook Messenger တွင် အသုံးပြုနိုင် ♫


ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Facebook သည် Android နှင့် iOS များတွင် အသုံးပြုနိုင်သော Messenger ဝန်ဆောင်မှုသို့ သီချင်း၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို app developer များ ပေးပို့နိုင်သည့် feature ကို ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ Messenger chat app အတွင်းရှိ ထုတ်ကုန်သစ်နှင့် ဝန်ဆောင်မှုများကို အသုံးပြုသူမှာ တစ်လျှင် သန်း ၆၀၀ ခန့် ရှိကြောင်း သိရသည်။ ယခုအခါတွင် Messenger ဝန်ဆောင်မှုတွင် ရယ်ရွှင်စရာ ဗွီဒီယိုများ ဖော်ပြပေးသည့် JibJab နှင့် GIF ဖိုင်များ ပေးပို့ပေးသည့် Giphy ကဲ့သို့ app developer များ ရှိလာပြီဖြစ်ကြောင်း F8 developers conference တွင် Facebook ကပြောကြားခဲ့သည်။

သုံးစွဲသူများအနေဖြင့် Messenger တွင် app များကို ရွေးချယ်၍ install ပြုလုပ်ကာ သူငယ်ချင်းများထံသို့ ခလုတ်တစ်ခုကို tap ပြုလုပ်၍ item များကို ပေးပို့နိုင်ပြီ ဖြစ်သည်။ အဆိုပါ Messenger Platform ကို app ၄၀ ကျော်ဖြင့် ပွဲထွက်လာပြီး ၎င်း app များတွင် ESPN နှင့် Weather Channel ကဲ့သို့ app များလည်း ပါဝင်လာသည်။

Messenger သည် သုံးစွဲသူများအချင်းချင်း ပျော်ရွှင်စရာ သို့မဟုတ် ဆွဲဆောင်မှုရှိသော ဓာတ်ပုံများဖြင့် ဆက်သွယ်ရုံသာမက ဝယ်ယူမှုတစ်ခုအတွက် သတင်းအချက်အလက်များ ခြေရာခံခြင်းနှင့် ကုန်ပစ္စည်း တင်ပို့မှုကဲ့သို့ အရာများကို ဝေမျှနိုင်သည့်အပြင် မှာယူမှုများ ပြောင်းလဲရန် ကုမ္ပဏီကိုလည်း ဆက်သွယ်နိုင် မည်ဖြစ်ကြောင်း Facebook က ပြောကြားခဲ့သည်။

Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com