3/31/2015

♫ အင်တာနက် အသုံးပြုခကို လျှော့ချပေးမယ့် Data Saver ( Chrome Extension ) ♫

Data-Saver-screen

Google က မကြာမီကပဲ ဒေတာ အသုံးပြုမှု တစ်နည်းအားဖြင့် အင်တာနက် အသုံးပြုခကို လျှော့ချပေးနိုင်တဲ့ Chrome Extension ကို Beta အနေနဲ့ ဖြန့်ချီပေးလိုက်ပါတယ်။

Data Saver လို့ အမည်ပေးထားပြီး သင့်ရဲ့ Internet Traffic ကို Google ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy တွေကနေ ဖြတ်သန်းစီးဆင်းစေမှာ ဖြစ်ပါတယ်။ Data Saver ကို အသုံးပြုဖို့ Chrome 41 နဲ့ သူ့အထက်ကို အင်စတောလုပ်ထားရမှာပါ။

Extension ကို အောက်မှာ ပေးထားတဲ့ လင့်ကနေ Chrome မှာ အင်စတောလုပ်ပြီးတာနဲ့ ဒေတာပမာဏ ကို စတင်လျှော့ချပေးမှာပါ။ Chrome မှ Data Saver Button ကို နှိပ်ရင် ဒေတာပမာဏ ဘယ်လောက် ကို လျှော့ချပေးနိုင်ပြီလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ Extension ကို အသုံးမပြုချင်ရင်လည်း အဲဒီကနေ Turn Off လုပ်နိုင်ပါတယ်။

စာရေးသူ စမ်းသပ်အသုံးပြုကြည့်တဲ့အခါမှာ Google Proxy များကနေ တစ်ဆင့် ဖြတ်သန်းပေမယ့်လည်း အမြန်နှုန်းလျော့ကျ မသွားဘဲ ဒေတာများကို တစ်ဝက်ခန့်အထိ လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

မိုဘိုင်းဖုန်းတွေမှာ အင်တာနက် အသုံးပြုခကို ဒေတာပမာဏနဲ့ ကောက်ခံနေကြပြီ ဖြစ်တဲ့အတွက် Data Saver က သင့်ရဲ့ အင်တာနက် အသုံးပြုခကို သက်သာစေမှာပါ။ ဒီစွမ်းဆောင်ချက်ကို Android , iOS အတွက် ဖြန့်ချီပေးထားတဲ့ Chrome မှာလည်း အသုံးပြုနိုင်ပါတယ်။ Settings ထဲသွားပြီး Data Saver ကို On လုပ်ပေးပါ။

Google က ဒေတာပမာဏ ချုံ့ပေးတဲ့ ၀န်ဆောင်မှုကို ၂၀၁၃ မတ်လကတည်းက ဘရောက်စာတွေ အတွက် စမ်းသပ်နေတာဖြစ်ပါတယ်။ အခု Beta Version ကိုလည်း နောက်မျိုးဆက် Chrome များမှာ Built-In အနေနဲ့ ထည့်သွင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။ ပီစီများအတွက် Data Saver Extension ကို အောက်က လင့်ကနေ အင်စတောလုပ်ပါ။

Install Data Saver

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com