3/25/2015

♪ အွန်လိုင်းပေါ်မှ ငွေပို့နိုင်မည့်စနစ် ဆောင်ရွက်မည် ♫

http://www.cchcc.net/wp-content/uploads/2014/09/Make-Money-Online1.jpg

အွန်လိုင်းပေါ်မှ ငွေပို့နိုင်မည့်စနစ်ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့ စာတိုက်လုပ်ငန်းမှ သိရသည်။

“လက်ရှိ စာတိုက်လုပ်ငန်းက ငွေပို့တယ်ဆိုရင် ရိုးရိုးပို့တယ်။ Fax နဲ့ပို့တယ်။ အခု အွန်လိုင်းပေါ်မှာ ပို့ဖို့ ဆွေးနွေးနေပါတယ်” ဟု မြန်မာ့စာတိုက်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါအစီအစဉ်ကို လာမည့်ရှစ်လပိုင်းတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆိုသည်။ “၈ လပိုင်းလောက်မှာ အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ ၁၁ လပိုင်းလောက်မှာ ပြည်သူတွေ လက်ဝယ် ကို ရောက်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဆက်လက်ပြောကြားသည်။

အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် အချိန်ကုန်သက်သာပြီး လုံခြုံရေးပိုင်း ဆိုင်ရာလည်း ပိုမိုကောင်းမွန်သွားမည် ဟုဆိုသည်။ “ငွေပို့လွှာနဲ့ပတ်သက်ပြီးတော့လည်း အရင်တုန်းက ကျွန်တော်တို့ တစ်ရာကို ငါးကျပ်ကောက်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီးတော့ တစ်ရာကို ပြားငါးဆယ်ပဲ ကောက်ပါတယ်။

ဒါ့အပြင် ဘဏ်တွေလိုမြန်အောင် အွန်လိုင်းစနစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုတော့ အွန်လိုင်း မဖြစ်သေးတဲ့အတွက် ဂျပန်ရဲ့အကူညီနဲ့ အွန်လိုင်းဖြစ်အောင် ပြောင်းလဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com